Facebook ကနေ Metaverse ကို တရားဝင်မိတ်ဆက်လိုက်တာနဲ့အတူ ကုမ္ပဏီနာမည်ကိုပါ Meta ဆိုပြီး ပြောင်းလဲလိုက်တာကိုတော့ သိပြီးဖြစ်ကြမှာပါ။ အခုအချိန်မှာတော့ Meta ကနေ Quest VR Headset အသုံးပြုသူတွေအတွက် Feature အသစ်ကို မိတ်ဆက်ပေးလိုက်ပါတယ်။
Quest VR (Virtual Reality) Headset တွေဟာ လက်ရှိအချိန်မှာ Metaverse ထဲကို ဝင်ရောက်ဖို့အတွက် လိုအပ်တဲ့ Device တွေဖြစ်ပြီးတော့ အဆိုပါ VR Headset တွေကနေတစ်ဆင့် Horizon Home Space ထဲမှာ သီးသန့် Virtual World တစ်ခုအနေနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
Meta ကနေ အခုနောက်ဆုံးထွက်ရှိလာမယ့် v41 Quest Update မှာဆိုရင် ကိုယ့်ရဲ့ Home Screen မှာတင် သူငယ်ချင်းတွေနဲ့ စကားပြောဆိုနိုင်တဲ့ Social Hangouts Feature ကို ထည့်သွင်းပေးလိုက်ပြီလို့ သိရပါတယ်။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက်ချိတ်ဆက်ပြောဆိုနိုင်ဖို့က အလွန်လွယ်ကူသွားပြီဖြစ်ပြီး ကိုယ့်စိတ်ကြိုက် သူငယ်ချင်းရဲ့ Home Screen ထဲကို သွားလာနေနိုင်မှာဖြစ်ပါတယ်။
ဒါပေမယ့်လည်း v41 Quest Update ဟာ လာမယ့်ရက်သတ္တပါတ်အနည်းငယ်အကြာမှ ထွက်ရှိလာမှာဖြစ်တာကြောင့် အသေးစိတ်အချက်အလက်တွေကိုတော့ အတိအကျမသိရသေးပါဘူး။ အထူးသဖြင့် Hangouts Section တစ်ခုထဲမှာ လူဘယ်နှစ်ယောက်အထိ လက်ခံနိုင်မလဲဆိုတာကို Meta ကနေ တရားဝင်ပြောကြားခဲ့ခြင်းမရှိသေးပါဘူး။
ဘာပဲဖြစ်ဖြစ် Meta ဟာ Metaverse ကို အသုံးပြုသူပိုမိုများပြားလာစေဖို့အတွက် အခုလိုမျိုး Feature အသစ်တွေဆက်တိုက်မိတ်ဆက်ပေးတာကြောင့် နောက်ပိုင်းမှာ Metaverse ကလည်း ပိုပြီး ခေတ်စားလာမယ်လို့ ယူဆရပါတယ်။
Ref – The Verge