Telegram ဟာ တခြားသော Messaging App တွေနဲ့မတူညီဘဲ ထူးခြားနေတဲ့ Feature တွေအများအပြားရှိနေပါတယ်။ အဲ့ဒီထဲကတစ်ခုက Channel Feature ပဲဖြစ်ပြီး Group ပုံစံမျိုးကိုမှ မတူညီတဲ့ပုံစံမျိုးနဲ့ အသုံးပြုနိုင်တာဖြစ်ပါတယ်။

အခုလည်း Telegram ရဲ့ Channel Feature ကို Meta ကုမ္ပဏီက ကူးယူဖို့စီစဥ်နေတယ်လို့ သိရပါတယ်။ ဒါက Meta ရဲ့ Social Media App တစ်ခုဖြစ်တဲ့ Instagram မှာ “Broadcast Channel” အမည်ရှိတဲ့ Feature အသစ်ကို စတင်စမ်းသပ်နေတာပဲဖြစ်ပါတယ်။ လောလောဆယ်မှာ Creator အနည်းငယ်နဲ့ အရင်ဆုံးစမ်းသပ်နေတယ်လို့ သိရပြီး နောက်ပိုင်းမှာ လူတိုင်းအသုံးပြုလာနိုင်ဖွယ်ရှိနေပါတယ်။

Instagram ရဲ့ Broadcast Channel Feature ဟာ Telegram ရဲ့ Channel လိုမျိုးပဲ One-way Messaging Feature ဖြစ်ပြီး Channel ကို ထောင်ထားတဲ့သူကပဲ Message တွေကို ပေးပို့နိုင်မှာဖြစ်ပါတယ်။ ဒါက အချင်းချင်းစကားပြောဆိုမှုတွေထက် သတင်းအချက်အလက်တွေမျှဝေတဲ့နေရာမှာ ပိုပြီးအသုံးဝင်မှာဖြစ်ပါတယ်။ Meta ရဲ့ CEO အဖြစ်တာဝန်ယူထားတဲ့ Mark Zuckerberg ကတော့ Channel ကနေတစ်ဆင့် Audio Clip တွေ၊ ဓါတ်ပုံတွေနဲ့ တခြား Content တွေကိုပါ ပေးပို့နိုင်မယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။

လောလောဆယ်မှာ Broadcast Channel Feature ဟာ Instagram မှာ အရင်ဆုံးထုတ်ပေးသွားမှာဖြစ်ပါတယ်။ နောက်ပိုင်းမှာ Facebook နဲ့ Messenger အတွက်လည်း ထုတ်ပေးသွားဖို့စီစဥ်နေတယ်လို့ ပြောကြားခဲ့ပြီး လပိုင်းခန့် ကြာမြင့်ဦးမယ်လို့ သိရပါတယ်။

Ref – Engadget