Facebook ဟာ သူ့ရဲ့ကုမ္ပဏီနာမည်ကို Meta အဖြစ်ပြောင်းလဲခဲ့ပါတယ်။ ဒါဟာ ကုမ္ပဏီရဲ့ Apps တွေအားလုံးကို တစ်နေရာတည်းမှာစုပေါင်းပေးမဲ့ Reality platform တစ်ခုဆိုတဲ့ “Metaverse” မဟာဗျူဟာကို ထင်ဟပ်စေမဲ့ နာမည်ဖြစ်ပါတယ်။
နာမည်သစ်ကို တရားဝင်ကြေညာတဲ့တစ်ချိန်တည်းမှာပဲ Meta ရဲ့ စမတ်နာရီသစ်ပုံတစ်ပုံက Web ပေါ်မှာ ပေါက်ကြားလာခဲ့ပါတယ်။ ပေါက်ကြားမှုအရ ဒီ Device ဟာ Built-in camera နဲ့ဖြစ်တာကိုလည်း သိလိုက်ကြရပါတယ်။ Bloomberg ကမျှဝေထားတဲ့သတင်းအချက်အလက်အရ Meta ရဲ့ စမတ်နာရီသစ်ဟာ ကုမ္ပဏီရဲ့ App ထဲမှာ တွေ့ခဲ့ရတာပါ။ Ray-Ban Stories အရ စမတ်မျက်မှန်တစ်စုံဟာ Facebook နဲ့ Instagram တွေမှာ ဗီဒီယိုတွေရိုက်ကူးနိုင်ပြီး Upload တင်နိုင်မယ်ဆိုတာလည်း သိခဲ့ကြရပါတယ်။
ပေါက်ကြားရုပ်ပုံအရ Meta ရဲ့ စမတ်နာရီဟာ ခပ်ပါးပါးအနားလွှာ၊ ခပ်ပြေပြေအချိုးကွေ့နဲ့ လေးထောင့်ပုံစံဖြစ်ပါတယ်။ ဒါပေမဲ့ ထုတ်ကုန်နဲ့ပတ်သက်ပြီး အမှန်တကယ်စိတ်ဝင်စားစရာကောင်းတဲ့အချက်က သေးငယ်တဲ့ Notch ပါဝင်တဲ့မျက်နှာပြင်အောက်မှာတည်ဆောက်ထားတဲ့ ကင်မရာတစ်လုံးပါပဲ။ အခုအချိန်အထိတော့ Hardware နဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို မသိရသေးပါဘူး။
ဒါပေမဲ့ Bloomberg ကတော့ နာရီမှာ ဖြုတ်နိုင်၊ တပ်နိုင်တဲ့ လက်ပတ်တွေနဲ့အတူ Case အပေါ်မှာလည်း ခလုတ်တစ်ခုပါရှိမယ်လို့ ဆိုထားပါတယ်။ Built-in ကင်မရာက နာရီမှာ Video conferencing apps ကိုဖွင့်နိုင်ဖို့ရည်ရွယ်ထားတယ်လို့ မျှော်လင့်ရပါတယ်။ ဒါဟာ Apple ဒါမှမဟုတ် Samsung တို့ရဲ့ စမတ်နာရီတွေမှာ အခုအထိမရသေးတဲ့ လုပ်ဆောင်ချက်လို့ ဆိုနိုင်ပါတယ်။
Meta ဟာ သူ့ရဲ့ ပထမဆုံးနာရီကို ၂၀၂၂ ခုနှစ်အစောပိုင်းမှာ စတင်ရောင်းချဖို့စီစဉ်ထားကြောင်း အစီရင်ခံစာမှာဖော်ပြထားပေမဲ့၊ ဒီကိစ္စနဲ့ပတ်သက်ပြီး အတည်ပြုချက်မရသေးဘူးလို့ သိရပါတယ်။ iOS, Android နှစ်မျိုးစလုံးကို ထောက်ပံ့ပေးတာကြောင့် Mark Zukerberg ရဲ့ကုမ္ပဏီက Apple ကို အဓိကထားယှဉ်ပြိုင်မယ်လို့ မျှော်လင့်ရပါတယ်။ Apple Watch Series 7 မှာ ပိုကြီးတဲ့မျက်နှာပြင် ပါဝင်ပေမဲ့ ဒီဇိုင်းနဲ့ Hardware ပိုင်း ပြောင်းလဲမှုတော့ မရှိတာလည်း ဖြစ်ပါတယ်။
Ref: 9To5Mac