Degrain ဟာ ဒီနှစ်မှာ ကြေညာမယ့် NFT Protocol ၁ ခု ဖြစ်ပြီး User တွေဟာ NFT တွေကို ပြသနိုင်၊ သိမ်းဆည်းနိုင်၊ ရောင်းချနိုင်မှာ ဖြစ်ပါတယ်။ နာမည်ကြီး NFT ဈေးကွက်အများစုနဲ့ မတူညီတာက Degrain မှာ User တွေဟာ မတူညီတဲ့ Blockchain ကွန်ရက်တွေအကြားမှာ သူတို့ရဲ့ NFT တွေကို ရောင်းချနိုင်မှာ ဖြစ်ပါတယ်။ ဒီ စီမံကိန်းရဲ့ Developer တွေဟာ မကြာခင်က Degrain Token (DGRN) ကို အကြို ရောင်းချခဲ့ကြပါတယ်။ ရင်းနှီးမြှပ်နှံသူတွေက ဒီစီမိကိန်းကို ယုံကြည်တဲ့အတွက် ပထမဆုံး ၆၀ စက္ကန့်အတွင်းမှာ Token ပေါင်း ၁၁ သန်းကို ဝယ်ယူခဲ့ကြပါတယ်။

CryptoMode nFTS Games Blockchain Crypto Meta Degrain

အပြန်အလှန် လုပ်ဆောင်နိုင်မှု အပြင် Degrain ဟာ NFT ရောင်းချသူ၊ ဝယ်ယူသူတွေကို ဆုလက်ဆောင်တွေပေးမှာပါ။ အဲဒီ Web3 ပလက်ဖောင်းဟာ တခြား NFT ဈေးကွက်တွေထက် အရောင်းအဝယ် ပြုလုပ်တဲ့ အခကြေးငွေဟာ ပိုမို နည်းပါးသလို နောက်ပိုင်း ပြန်လည် ရောင်းချတဲ့အခါမှာ Royalty ကြေးကို ပေးမှာ ဖြစ်ပါတယ်။ အဲဒီ Royalty ကြေးဟာ NFT ဖန်တီးသူတွေအတွက် ဝင်ငွေ ထပ်မံ ရရှိတဲ့ လမ်းကြောင်း ဖြစ်ပြီး အဲဒီ ဈေးကွက်မှာ NFT တွေ ပိုမို ဖန်တီး၊ ရောင်းချအောင် စွဲဆောင်နေပါတယ်။

NFT supply chain: how would it work? - Mecalux.com

ဒါ့အပြင် Degrain ဟာ NFT Community တွေ ဖန်တီးတာကို ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ကို အရောင်းမြှင့်တင်ရေး Campaigns တွေ ပြုလုပ်ချင်တဲ့ ကုမ္ပဏီတွေက အသုံးပြုနိုင်မှာပါ။ သူတို့ရဲ့ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေကို စိတ်ဝင်စားတဲ့ လူတွေအတွက် Community တွေကို ဖန်တီးနိုင်မှာပါ။

Degrain ဟာ တကယ့် ကမ္ဘာက ကုမ္ပဏီတွေနဲ့ အလုပ်အတူတူ လုပ်နိုင်တဲ့ ပထမဆုံး NFT Protocol ဖြစ်လာမှာဖြစ်ပြီး ဝင်ငွေတွေကို ရင်းနှီးမြှပ်နှံသူတွေကို မျှဝေပေးမှာပါ။

Ref : cryptomode