၂၀၂၃ ခုနှစ်ဟာ နည်းပညာပိုင်းမှာ AI နဲ့ ပတ်သက်ပြီး ဆက်တိုက်ကို အပြိုင်အဆိုင်ဆောင်ရွက်လာကြပါတယ်။ အထူးသဖြင့် ChatGPT လိုမျိုး AI Engine တွေထွက်ပေါ်လာတဲ့အချိန်မှာ နာမည်ကြီး နည်းပညာကုမ္ပဏီတွေဖြစ်တဲ့ Microsoft ၊ Google တို့ကလည်း အသီးသီး AI Feature အသစ်တွေကို မိတ်ဆက်နေကြပြီဖြစ်ပါတယ်။

အခုလည်း Facebook ၊ Messenger အပါအဝင် Social Media အများအပြားကို ပိုင်ဆိုင်တဲ့ Meta ကုမ္ပဏီကနေ AI နဲ့ ပတ်သက်ပြီး သတင်းတစ်ခုကို ကြေညာလိုက်ပါတယ်။ ဒါက WhatsApp ၊ Instagram နဲ့ Messenger တွေအတွက် AI Feature အသစ်တွေကို ယခုနှစ်အတွင်းမှာ ထည့်သွင်းသွားတော့မှာပဲဖြစ်ပါတယ်။

အဆိုပါသတင်းကို Facebook ရဲ့ Founder နဲ့ Meta ရဲ့ Chairman အဖြစ်တာဝန်ယူထားတဲ့ Mark Zuckerberg ကိုယ်တိုင် ပြောကြားခဲ့တာဖြစ်ပြီး ကုမ္ပဏီအတွင်းမှာ AI နည်းပညာတွေကို ဆောင်ရွက်ဖို့အတွက် အထူးသီးသန့် Product Group တစ်ခုကိုပါ ဖွဲ့စည်းသွားမယ်လို့ သိရပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ အသုံးပြုသူတွေကို AI တွေက နည်းလမ်းမျိုးစုံနဲ့ ကူညီပေးနိုင်ဖို့အထိ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ဒါပေမယ့် လောလောဆယ်မှာ Meta ကုမ္ပဏီဟာ AI နည်းပညာပိုင်းနဲ့ ပတ်သက်ပြီး အခုမှစတင်တိုးတက်အောင် ဆောင်ရွက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ AI Feature တွေထည့်သွင်းပေးလာမယ်ဆိုပေမယ့် ချက်ချင်းအသုံးပြုနိုင်ဖို့ကတော့ မဖြစ်နိုင်သေးဘူးလို့ ယူဆရပါတယ်။

Ref – Gizmo China