Instagram ရဲ့ မိခင် ကုမ္ပဏီ Meta က Augmented Reality ပလက်ဖောင်း Spark AR ကို အသုံးပြုကာ Instagram Stories မှာ NFT တွေကို စတင် စမ်းသပ်တော့မယ်လို့ ၂၂ ရက်နေ့က ကြေညာလိုက်ပါတယ်။

Instagram plans to debut in the NFT space | Medium

CEO Mark Zuckerberg က ကမ္ဘာအဝန်းက Creator တွေ Instagram မှာ သူတို့ရဲ့ NFT တွေကို ပြသနိုင်အောင် စမ်းသပ်မှုကို တိုးချဲ့နေတယ်လို့ ပြောပါတယ်။ ကုမ္ပဏီက Creator နဲ့ Collector တွေဟာ သူတို့ရဲ့ ဒစ်ဂျစ်တယ် Collectible တွေကို Facebook နဲ့ Instagram မှာ မျှဝေနိုင်မှာ ဖြစ်ပြီး အမေရိကန်က Creator တချို့နဲ့ Facebook မှာ ဒီလုပ်ဆောင်ချက်ကို အရင်ဆုံး စတင် ပြုလုပ်မှာလို့ ပြောပါတယ်။

Premium PSD | Instagram app icon and nft non fungible token technology  adoption

Zuckerberg က “ ဒီလုပ်ဆောင်ချက်ကို မကြာခင် Facebook ကို ယူဆောင်လာတော့မှာပါ။ အရင်ဆုံး အမေရိကန်က Creator တချို့နဲ့ စတင် စမ်းသပ်မှာ ဖြစ်ပြီး Instagram မှာရော Facebook မှာပါ NFT တွေကို မျှဝေနိုင်မှာပါ။ SparkAR နဲ့ Instagram Stories မှာလည်း NFT တွေကို စမ်းသပ်မှာပါ။ “ လို့ ပြောပါတယ်။

မေလမှာ Meta ဟာ ဒစ်ဂျစ်တယ် Collectible ကို ဖြန့်ချိခဲ့ပြီး ကုမ္ပဏီက User နဲ့ Creator တွေ Instagram မှာ NFT တွေကို မျှဝေနိုင်မယ့် နည်းလမ်း အသစ်လို့ ပြောပါတယ်။

NFT ကို လူမှုကွန်ရက် ပလက်ဖောင်းမှာ ထည့်သွင်းလာတာ Meta ကုမ္ပဏီ တစ်ခုထဲ မဟုတ်ပါဘူး။ Twitter က ဇန်နဝါရီလမှာ NFT တွေကို စတင် ထောက်ပံ့ပေးခဲ့ပါတယ်။ Twitter မှာ NFT တွေကို User တွေရဲ့ Ethereum Wallet နဲ့ ချိတ်ဆက်နိုင်ပြီး NFT တွေကို ပရိုဖိုင် ဓါတ်ပုံ အဖြစ် ပြသနိုင်ပါတယ်။

Ref : cointelegraph