Twitter က ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ Twitter Blue အခပေး ဝန်ဆောင်မှုကို ကြေညာခဲ့ပြီး ဝေဖန်မှုများစွာ ရှိခဲ့ပါတယ်။ အခုတော့ Facebook ရဲ့ မိခင် ကုမ္ပဏီ Meta ကလည်း Meta Verified အမည်ရ အခပေး ဝန်ဆောင်မှုကို ပြုလုပ်လိုက်ပါတယ်။ User တွေဟာ Instagram နဲ့ Facebook မှာ Blue Checkmark ရရှိမှာ ဖြစ်ပြီး ၁ လကို ၁၅ ဒေါ်လာ ပေးရမှာပါ။ Web မှာ ၁ လကို ၁၁.၉၉ ဒေါ်လာနဲ့ Apple iOS မှာ ၁၄.၉၉ ဒေါ်လာ ကျသင့်မှာ ဖြစ်ပြီး User တွေဟာ အစိုးရက ထုတ်ပေးတဲ့ မှတ်ပုံတင်ကဒ်တွေနဲ့ Verify လုပ်နိုင်ပါတယ်။ Meta က အဲဒီဝန်ဆောင်မှုကို သုံးတဲ့ သူတွေဟာ Reach ပိုကောင်းမှာ ဖြစ်ပြီး Attack တွေကနေ ကာကွယ်မှု ပိုကောင်းမယ်လို့ ပြောပါတယ်။ ဒါ့အပြင် Customer Support ကို တိုက်ရိုက် ဆက်သွယ်နိုင်မှာပါ။

Meta

CEO Mark Zuckerberg က အဲဒီဝန်ဆောင်မှုဟာ သူတို့ရဲ့ ဝန်ဆောင်မှုတွေအားလုံးမှာ လုံခြုံရေး ပိုကောင်းစေဖို့လို့ ပြောပါတယ်။ ဒီဝန်ဆောင်မှုကို နယူးဇီလန်နဲ့ ဩစတြေးလျမှာ ဒီတစ်ပတ်ထဲ စတင်မှာ ဖြစ်ပြီး မကြာခင် တခြားနိုင်ငံတွေမှာ တိုးချဲ့မှာပါ။

Stocks moving big after hours: META, ALGN, ELF

Meta ဟာ စတင် တည်ထောင်တဲ့အချိန်ကစပြီး ၁၅ နှစ်ကျော်အတွင်း ဝန်ဆောင်မှု အများစုအတွက် အခကြေးငွေ မယူဘဲ အသုံးပြုခွင့်ပေးခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်တွေအတွင်း ကုမ္ပဏီရဲ့ ဝင်ငွေ ကျဆင်းလာတဲ့အတွက် အခုလို ဝင်ငွေရတဲ့ နည်းလမ်းကို အသုံးပြုလာတာပါ။

Meta ဟာ Metaverse စီမံကိန်းကြောင့် ဝေဖန်မှုတွေခံနေရပြီး Metaverse စီမံကိန်းမှာ ငွေကြေး သုံးစွဲတာကို လျှော့ချဖို့ စီစဉ်နေပါတယ်။ ဒါ့အပြင် ကုမ္ပဏီဟာ ဝန်ထမ်းတွေကိုလည်း လျှော့ချဖို့ စီစဉ်ထားပါတယ်။

Ref : gizmochina