Meta ရဲ့ AI သုတေသန အဖွဲ့ဟာ လူသားတွေရဲ့ စိတ်ကို ဖတ်နိုင်ဖို့ နီးစပ်လာပါပြီ။ Meta ဟာ Basque Center နဲ့ ပူးပေါင်းပြီး လူ့ဦးနှောက် လှိုင်းတွေကနေ ဝါကျတွေ သို့မဟုတ် ပြောမယ့် စကားတွေကို ၈၀ ရာခိုင်နှုန်း တိကျစွာ ဖတ်နိုင်တဲ့ AI Model ကို ဖန်တီးလိုက်ပါတယ်။

Meta AI non-invasive brain reading

အဲဒီနည်းပညာမှာ ဦးခေါင်းထဲကို ခွဲစိတ်ပြီး ကိရိယာတွေ ထည့်သွင်းစရာမလိုပါဘူး။ စကား မပြောနိုင်တဲ့ လူတွေအတွက် ဒီနည်းပညာက ကူညီပေးနိုင်ပါတယ်။

လက်ရှိ Brain-computer Interface တွေမှာ ဦးခေါင်းကို ခွဲစိတ်ပြီး ကိရိယာတွေ ထည့်သွင်းရပါတယ်။ Meta ရဲ့ နည်းပညာမှာ Magnetoencephalography (MEG) နဲ့ Electroencephalography (EEG) ကို အသုံးပြုထားပါတယ်။

meta ai brain reading

ဒီနည်းပညာမှာ ခွဲစိတ်စရာ မလိုဘဲ ဦးနှောက်လှိုင်းတွေကို ဖတ်နိုင်ပါတယ်။ AI Model ကို Volunteer ၃၅ ယောက်နဲ့ လေ့ကျင့်ပေးထားပြီး Volunteer တွေက စာရိုက်တာကို AI က ခန့်မှန်းရတာ ဖြစ်ပါတယ်။ Meta က AI ဟာ ၈၀ ရာခိုင်နှုန်း တိကျစွာ ဖတ်နိုင်တယ်လို့ ပြောပါတယ်။

Meta ရဲ့ AI ဟာ တစ်နေ့မှာ စကား မပြောနိုင်တဲ့ လူတွေ ဆက်သွယ်စကားပြောနိုင်အောင် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဒီနည်းပညာကို လက်တွေ့ အသုံးချဖို့ အဆင်သင့် မဖြစ်သေးပါဘူး။

Ref: gizmochina