Xiaomi ရဲ့ Android TV တွေဖြစ်တဲ့ Mi Box Series ဟာ အသုံးပြုသူတွေကြားထဲမှာ အောင်မြင်တယ်လို့ပြောလို့ရပါတယ်။ အခုလည်း Xiaomi ကနေ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ Mi Box S အတွက် Android 9 Pie Update ကို ထုတ်ပေးလိုက်ပါတယ်။

အခု Mi Box S အတွက် Android 9 Pie Update ဟာ File Size အနေနဲ့ 600MB ဝန်းကျင်ရှိပြီးတော့ လက်ရှိအသုံးပြုသူတွေကြုံတွေ့နေတဲ့ Bugs နဲ့ Error တွေအများအပြားကို ပြင်ဆင်ထားခဲ့တာဖြစ်ပါတယ်။ အဆိုပါ Error တွေထဲမှာ HDMI Compatibility ၊ GBoard အလုပ်မလုပ်တာတွေအပြင် တခြားသော Error အများအပြားကိုပါ Fix လုပ်ပေးထားတယ်လို့ သိရပါတယ်။ အဆိုပါ Changelog အပြည့်အစုံကိုတော့ အောက်မှာကြည့်နိုင်မှာပါ။

Xiaomi Mi Box S ဟာ စတင်မိတ်ဆက်တဲ့အချိန်တုန်းက Android 8.1 နဲ့ မိတ်ဆက်ခဲ့တာဖြစ်ပြီး အခုလိုမျိုး Android Update ရရှိလာတာက အသုံးပြုသူတွေအတွက်ကတော့ သတင်းကောင်းတစ်ခုလို့ပြောလို့ရပါတယ်။

ဘာပဲဖြစ်ဖြစ် အဆိုပါ Android 9 Pie Update ဟာ Mi Box S အတွက်ပဲဖြစ်ပြီး ယခင်ကထွက်ရှိထားတဲ့ Mi Box အတွက်ကတော့ Update ပြုလုပ်နိုင်မှာမဟုတ်ပါဘူး။

Ref – Gizmo China