Windows User တိုင်းဟာ အနည်းဆုံး တစ်ကြိမ်တော့ နာမည်ကျော် Blue Screen of Death (BSOD) ကို ကြုံတွေ့ကြဖူးမှာပါ။ အဲဒီ Screen ဟာ အပြာရောင်ဖြစ်ပြီး ဝမ်းနည်းတဲ့ Smiley Face ကို ပြသထားပါတယ်။ “ An Error has occurred” စာသားကိုလည်း မြင်ရပါတယ်။
အခုတော့ Microsoft က Blue Error Screen ဒီဇိုင်းကို ပြောင်းလဲပေးလိုက်ပါတယ်။ Windows 11 24H2 ရဲ့ Preview Version မှာ Error Screen ဟာ အနက်ရောင်ဖြစ်သွားပါတယ်။ (Windows Insiders ရဲ့ Test Version မှာ Error Screen ဟာ အစိမ်းရောင် ဖြစ်သွားပါတယ်။ )
အရောင်တင်ပြောင်းလိုက်တာ မဟုတ်ပါဘူး။ တခြား အထင်ကရ Elements တွေကိုလည်း ဖယ်ရှားထားပါတယ်။ ဥပမာအနေနဲ့ ဝမ်းနည်းတဲ့ Smiley Face နဲ့ QR Code မပါတော့ပါဘူး။ QR Code ဟာ Blue Screen Error ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး ၂၀၁၆ ခုနှစ်ကထွက်တဲ့ Windows 10 မှာကတည်းက ပါလာတာပါ။ အဲဒီ QR Code ဟာ User တွေကို Troubleshooting Tips တွေပေးဖို့ လမ်းညွှန်ပေးပါတယ်။
စာသားကလည်း ပြောင်းလဲသွားပြီး အခုတော့ “Your device ran into a problem and needs to restart” လို့ ပြသထားပါတယ်။ PC အစား Device လို့ ပြောင်းလဲသုံးနှုန်းထားပါတယ်။ Crash ဖြစ်ရတဲ့ အကြောင်းအရင်းနဲ့ Error Code ကို အောက်ခြေမှာ သေးငယ်တဲ့ စာသားနဲ့ ပြသထားပါတယ်။
Ref: pcworld