Microsoft ဟာ ကိုယ်ပိုင် Foldable Android ဖုန်းဖြစ်တဲ့ Surface Duo ကို ပြီးခဲ့တဲ့နှစ်ပိုင်းတုန်းက မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဆိုပါ Microsoft Surface Duo ဟာ Display တစ်ခုထဲကို Foldable အနေနဲ့ ထုတ်ထားတာမဟုတ်ဘဲ Display တစ်ခုစီကို Foldable Phone ပုံစံ မိတ်ဆက်ထားတာဖြစ်ပါတယ်။

အခုလည်း Microsoft ဟာ လာမယ့် စက်တင်ဘာလ ၂၂ ရက်နေ့မှာ Surface Event ကို ပြုလုပ်သွားမှာဖြစ်ပြီး Product အသစ်တွေကို ထပ်မံမိတ်ဆက်သွားဖွယ်ရှိနေပါတယ်။ အဲ့ဒီထဲမှာ Microsoft Surface Duo 2 လည်း ပါဝင်လာဖွယ်ရှိနေပါတယ်။

ဘာကြောင့်လဲဆိုရင် Microsoft Surface Duo 2 စမတ်ဖုန်းကို US Federal Communications Commission (FCC) မှာ တွေ့ရရှိခဲ့ရတာကြောင့်ဖြစ်ပါတယ်။ အဆိုပါ သတင်းကိုတော့ Windows Central ကနေ ဖော်ပြခဲ့တာဖြစ်ပြီး Microsoft Surface Duo 2 မှာ ပါဝင်လာမယ့် Feature တွေနဲ့ Specs အနည်းငယ်ကို သိရှိနိုင်ခဲ့ပါတယ်။

Microsoft Surface Duo 2 ဟာ ပြီးခဲ့တဲ့ Surface Duo လိုမျိုးပဲ Dual Screen Foldable Design ကိုပဲ အသုံးပြုလာမှာဖြစ်ပါတယ်။ ဒါပေမယ့် ပြောင်းလဲမှုအနေနဲ့ကတော့ 4G Network အပြင် 5G ကိုပါ Support ပြုလုပ်မှာဖြစ်ပြီး Wi-Fi 6 ၊ NFC လိုမျိုး နောက်ဆုံးပေါ်နည်းပညာတွေကိုလည်း ထည့်သွင်းပေးထားမယ်လို့ သိရပါတယ်။

နောက်ထပ်စိတ်ဝင်စားဖို့ကောင်းနေတာကတော့ Surface Duo 2 မှာ “Wireless Power Transfer” Feature ပါဝင်လာမှာဖြစ်ပါတယ်။ ဒါက Wireless Charging လည်းဖြစ်နိုင်သလို Reverse Wireless Charging ကိုပါ Support ပြုလုပ်နိုင်ဖွယ်ရှိနေပါတယ်။

Design ပိုင်းအနေနဲ့ကတော့ Microsoft Surface Duo 2 ဟာ သိသိသာသာပြောင်းလဲသွားမှာမဟုတ်ဘဲ 5.8″ Display ၂ ခုကို အသုံးပြုထားမှာဖြစ်ပါတယ်။ Qualcomm Snapdragon 888 Chipset ၊ 8GB RAM နဲ့ 128GB သို့မဟုတ် 256GB Storage ပါဝင်မှာဖြစ်ပြီး Battery အနေနဲ့လည်း 4400mAh Battery ကို ထည့်သွင်းပေးထားမှာဖြစ်ပါတယ်။ အဓိကပြောင်းလဲမှုအနေနဲ့ကတော့ Camera ကို ယခင်တုန်းကလိုမျိုး Single Camera Setup အစား Triple Camera Setup ကိုပြောင်းလဲအသုံးပြုလာမှာလည်း ဖြစ်ပါတယ်။

Ref – Android Authority