Microsoft ကနေ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းက မိတ်ဆက်ခဲ့တဲ့ $399 ကနေ စတင်တဲ့ Surface Go Tablet အသစ်ဟာ Surface Product တွေထဲမှာ စျေးအသက်သာဆုံးဖြစ်သလို စျေးကွက်အတွင်းမှာလည်း အောင်မြင်မှုရရှိခဲ့တဲ့ Product တစ်ခုဖြစ်ပါတယ်။

အခုလည်း Microsoft ကနေ Surface Go 2 ကို မကြာခင်မှာတင်မိတ်ဆက်တော့မှာဖြစ်ပါတယ်။ လက်ရှိနောက်ဆုံးထွက်ရှိထားတဲ့သတင်းတွေအရ Surface Go 2 ဟာ တော်တော်လေးကို ကောင်းမွန်တဲ့အဆင့်မြှင့်တင်မှုတွေရရှိလာမယ့်ပုံစံပါပဲ။

ဒါကတော့ Microsoft Surface Go 2 ဟာ ယခုနှစ်မှာ Pentium Gold Processor အစား ပိုပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ Intel m3-8100Y Processor ကို အသုံးပြုလာမှာဖြစ်သလို အနိမ့်ဆုံး RAM ကလည်း 8GB ကနေ စတင်မှာဖြစ်ပါတယ်။ ဒီစွမ်းဆောင်ရည်ဟာ လက်ရှိ i3 Laptop တွေထက်တော့ စွမ်းဆောင်ရည်နိမ့်နေဦးမှာဖြစ်ပေမယ့် ယခင် Surface Go နဲ့ယှဥ်ရင် သိသိသာသာကို စွမ်းဆောင်ရည်ကောင်းမွန်လာမှာဖြစ်ပါတယ်။

Surface Go 2 ဟာ 10″ Touch Screen Display ကိုပဲ အသုံးပြုလာမှာဖြစ်ပြီး LTE Support ပါဝင်လာမှာဖြစ်တဲ့အပြင် တခြားသော Surface Product တွေလိုမျိုးပဲ External Surface Keyboard တွေနဲ့ Surface Pen လိုမျိုး Product တွေနဲ့လည်း ချိတ်ဆက်အသုံးပြုနိုင်မှာပါ။

ဘာပဲဖြစ်ဖြစ် ပေါ့ပေါ့ပါးပါးနဲ့ စျေးသက်သာတဲ့ Surface Tablet တစ်ခုကို လိုချင်တယ်ဆိုရင်တော့ ဒီ Surface Go 2 က စောင့်ဆိုင်းသင့်တဲ့ Product တစ်ခုလို့ပြောလို့ရပါတယ်။

Ref – Phone Arena