လက်ရှိအချိန်မှာ Meta ကုမ္ပဏီကပိုင်ဆိုင်တဲ့ Facebook ဟာ အသုံးပြုသူအများဆုံးသော Social Media Platform တစ်ခုဖြစ်နေဆဲဖြစ်ပါတယ်။ အခုလည်း Microsoft ကနေ Facebook လိုမျိုး Social Media အသစ်တစ်ခုကို Microsoft Teams App အသုံးပြုသူတွေအတွက် ထုတ်ပေးလိုက်ပါပြီ။

အခု Microsoft ရဲ့ Social Media အသစ်ကိုတော့ Viva Engage လို့ နာမည်ပေးထားပြီး လက်ရှိအချိန်မှာ သီးသန့်အနေနဲ့ အသုံးပြုနိုင်ဦးမှာမဟုတ်ဘဲ Microsoft Teams App အတွင်းမှာပဲ အသုံးပြုရမှာဖြစ်ပါတယ်။ ဒါကြောင့် လူတိုင်းအသုံးပြုနိုင်မယ့် Social Media တစ်ခုပုံစံမျိုးထက် အလုပ်ခွင်အတွက်ပဲ အသုံးပြုနိုင်မယ့် Social Media တစ်ခုလို့တောင် ပြောနိုင်ပါတယ်။

Facebook ဟာလည်း ပြီးခဲ့တဲ့နှစ်ပိုင်းတုန်းက Facebook Workplace ဆိုပြီး အလားတူ Linked In နဲ့တူညီတဲ့ အလုပ်ခွင်အတွက် Social Media သီးသန့်ကို မိတ်ဆက်ခဲ့ဖူးပြီး အခုအချိန်မှာတော့ ဖျက်သိမ်းလိုက်တာဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိအချိန်မှာ အလုပ်ခွင်တွေမှာ Slack လိုမျိုး Communication App တွေကိုပဲ ပြောင်းလဲအသုံးပြုမှုများပြားလာတာဖြစ်ပါတယ်။

Microsoft ရဲ့ Viva Engage Software Media ဟာ အသုံးပြုမှုအပိုင်းမှာ Facebook နဲ့ အလွန်တူညီပြီးတော့ Home Feed ၊ Community တွေပါဝင်မှာဖြစ်သလို စာသား၊ ဓါတ်ပုံ၊ Video အပြင် Stories တွေကိုပါ Post အနေနဲ့ တင်နိုင်မှာဖြစ်ပါတယ်။ Microsoft Teams အတွင်းမှာ အသုံးပြုရတာဖြစ်တဲ့အတွက် Message ပို့တာတွေ၊ Chat တွေကတော့ Teams App မှာပဲ သီးသန့် ပြုလုပ်ရမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Microsoft အနေနဲ့ အခုလိုမျိုး Social Media အသစ်တွေကို Microsoft Teams အတွက်တင်မဟုတ်ဘဲ လူတိုင်းအသုံးပြုနိုင်အောင် ထုတ်ပေးသွားမလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Ref – 9to5mac