Xiaomi ကနေ အခုနောက်ပိုင်းမှာ စမတ်ဖုန်းတွေကို MIUI 12 Update ဆက်တိုက်ထုတ်ပေးနေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း Redmi Series ဖုန်းတစ်လုံးဖြစ်တဲ့ Redmi Note 8 ကိုတော့ အခုအချိန်အထိကို Update ပြုလုပ်ပေးခြင်းမရှိသေးပါဘူး။

အဲ့ဒီအတွက် Redmi Note 8 စမတ်ဖုန်းဟာ Android 9 Pie ကို အခြေခံထားတဲ့ MIUI 11 ကိုပဲ အသုံးပြုထားတုန်းဖြစ်ပါတယ်။ ဒါက ကျန်တဲ့ Redmi Note Series ဖုန်းတွေဖြစ်တဲ့ Redmi Note 7 နဲ့ Note 9 ဖုန်းတွေက MIUI 12 Update ကိုရရှိနေပြီဖြစ်တဲ့အတွက် Redmi Note 8 ဖုန်းတစ်လုံးပဲ ကျန်ရှိနေတာဖြစ်ပါတယ်။

အခုနောက်ဆုံးသိရှိရတဲ့သတင်းတစ်ခုအရ Redmi Note 8 ဖုန်းအတွက် MIUI 12 Update ကို ရရှိမယ့်အချိန်က ထပ်ပြီးနှောင့်နှေးလိုက်တယ်လို့ သိရပါတယ်။ အဆိုပါ Redmi Note 8 ဖုန်းအပြင် Mi Max 3 ၊ Mi 8 SE နဲ့ Redmi K20 ဖုန်းတွေအတွက်လည်း MIUI 12 Update ရရှိမယ့်အချိန်ကို ရွေ့ဆိုင်းထားတာဖြစ်ပါတယ်။

Xiaomi ကတော့ Redmi Note 8 ဖုန်းအနေနဲ့ MIUI 12 Update ကိုဘယ်အချိန်မှာ ရရှိမလဲဆိုတာကို အတိအကျပြောကြားခဲ့ခြင်းမရှိသေးပါဘူး။ ဒါပေမယ့်လည်း အဆိုပါ MIUI 12 Update နဲ့အတူ Android 10 Update ကိုပါ ရရှိလာဖို့ကတော့ ကျိန်းသေသလောက်ရှိနေပါတယ်။

Ref – Notebook Check