Xiaomi ဟာ မကြာခင်က Android 13 အခြေပြု MIUI 14 ကို ကြေညာခဲ့ပြီး ဒီဇိုင်းနဲ့ လုပ်ဆောင်ချက် အသစ်တွေ ပါလာပါတယ်။ အဲဒီ ဆော့ဖ်ဝဲရဲ့ အဓိက လုပ်ဆောင်ချက် ၁ ခုက Photon Engine ဖြစ်ပြီး Third-party App တွေကို လျှင်မြန်စေပါတယ်။ အစောပိုင်း စမ်းသပ်တဲ့ ကာလမှာ ကုမ္ပဏီဟာ ဒီလုပ်ဆောင်ချက်ကို စမတ်ဖုန်း အနည်းငယ်အတွက်ပဲ အကန့်အသတ်နဲ့ ဖြန့်ချိပေးခဲ့ပါတယ်။ အခုတော့ ကုမ္ပဏီက MIUI 14 မောင်းနှင်တဲ့ Device အားလုံးမှာ Photon Engine ကို သုံးနိုင်မယ်လို့ ဝီဘိုမှာ အတည်ပြုလိုက်ပါတယ်။
ကုမ္ပဏီက ဆော့ဖ်ဝဲနဲ့ ဟာ့ဒ်ဝဲကို နက်နက်ရှိုင်းရှိုင်း ပူးပေါင်းဖို့လိုအပ်ပြီး System Architecture ကို ကြီးကြီးမားမား ချိန်ညှိရတဲ့ အတွက် တစ်ဖြည်းဖြည်းချင်းစီ စမတ်ဖုန်းတွေအတွက် ဖြန့်ချိပေးမယ်လို့ ပြောပါတယ်။
ကုမ္ပဏီက MIUI 14 မိတ်ဆက်ပွဲမှာ Photon Engine ဟာ Third-party App Developer တွေ ရယူနိုင်တဲ့ Android Kernel မှာ အလုပ်လုပ်တာလို့ ပြောပါတယ်။ အဲဒီအတွက် Developer တွေဟာ သူတို့ App တွေရဲ့ Loading Speed ကို တိုးတက်အောင် လုပ်နိုင်ပါတယ်။
Photon Engine ဟာ Third-party App တွေကို ၈၈ ရာခိုင်နှုန်း အထိ လျှင်မြန်စေပြီး စွမ်းအင် စားသုံးမှုကို ၁၆ ရာခိုင်နှုန်း နည်းပါးစေပါတယ်။
MIUI 14 ရဲ့ တခြား လုပ်ဆောင်ချက်တွေထဲမှာ အရွယ်ကြီး Icon တွေနဲ့ Folder တွေကို Customize လုပ်နိုင်ပြီး အမျိုးမျိုးသော ပုံသဏ္ဍာန် ၊ အရွယ်အစားတွေနဲ့ Widget တွေကို ပြုလုပ်နိုင်ပါတယ်။ အသုံးနည်းတဲ့ App တွေအတွက် အလိုအလျှောက် Compression လုပ်နိုင်ပြီး Notification အားလုံးကို ခလုတ် ၁ ခုထဲနဲ့ ပိတ်နိုင်ပါတယ်။
MIUI 14 ကို နိုင်ငံတကာအတွက် မကြေညာရသေးဘဲ တရုတ်အတွက်ပဲ ကြေညာထားတာဖြစ်ပါတယ်။ မကြာခင်မှာ နိုင်ငံတကာအတွက် မိတ်ဆက်နိုင်ပါတယ်။
Ref : gizmochina