Xiaomi က ဒီဇင်ဘာလ အစောပိုင်းမှာ Xiaomi 13 Series နဲ့အတူ MIUI 14 ကို ကြေညာခဲ့ပြီး မိတ်ဆက်ပွဲပြီးနောက်မှာ MIUI 14 ရမယ့် ပထမအသုတ် Device စာရင်းကို ပြောပြခဲ့ပါတယ်။

MIUI 14 surprises 5 lucky Redmi and Poco smartphones!

အခုတော့ ရက်သတ္တပတ်အနည်းငယ်အကြာမှာ ကုမ္ပဏီက MIUI 14 ရမယ့် ဒုတိယ အသုတ် ဖုန်းစာရင်းကို ကြေညာလိုက်ပြီး ဘယ်အချိန်မှာ ဖြန့်ချိမလဲဆိုတာကိုပါ ပြောပြလိုက်ပါတယ်။

miui-14-official

Xiaomi Community က တရားဝင် ကြေညာတဲ့ ပို့စ်မှာ အောက်ပါ ဖုန်းတွေဟာ ၂၀၂၃ ခုနှစ် မတ်လကစတင်ကာ MIUI 14 ကို ရရှိမှာပါ။

  • Xiaomi MIX 4
  • Xiaomi 12X
  • Xiaomi 11 Ultra
  • Xiaomi 11 Pro
  • Xiaomi 11
  • Xiaomi 11 Lite Vitality Edition
  • Xiaomi 11 Lite
  • Xiaomi 10S
  • Xiaomi Civi 1S
  • Xiaomi Civi 2
  • Redmi K40 Pro
  • Redmi K40S
  • Redmi K40
  • Redmi Note 12 Pro
  • Redmi Note 12 Pro Plus
  • Redmi Note 12 5G
  • Redmi Note 12 Explorer Edition
  • Redmi Note 12 Trendy Edition
  • Redmi Note 11T Pro
  • Redmi Note 11T Pro Plus
  • Redmi Note 11E
  • Redmi K40 Gaming Edition
  • Redmi Note 10 Pro
  • Redmi Note11 Pro
  • Redmi Note11 Pro Plus

စာရင်းက ဖုန်းအများစုဟာ စွမ်းရည်သင့် ဖုန်းတွေ ဖြစ်ပြီး အထူးသဖြင့် Redmi Note Series တွေ ဖြစ်ပါတယ်။ ဒါပေမယ့် Xiaomi 11 Series လို စွမ်းရည်မြင့် ဖုန်းတွေလည်း ပါပါတယ်။

တစ်ခုမှတ်ထားရမှာက အခု စာရင်းဟာ တရုတ် အတွက်ပဲ ဖြစ်ပြီး Xiaomi က နိုင်ငံတကာက အထက်ပါ ဖုန်းတွေအတွက် ဖြန့်ချိပေးမယ့် အချိန်ကို မပြောသေးပါဘူး။ ဒါပေမယ့် တရုတ်မှာ ဖြန့်ချိပြီး ရက်အနည်းငယ်အတွင်း နိုင်ငံတကာ မော်ဒယ်တွေအတွက် ဖြန့်ချိပေးနိုင်ပါတယ်။

Ref : gizmochina