Google က Pixel 6 Series ကို ဒီလ ၁၉ ရက်နေ့ ကြေညာတော့မှာ ဖြစ်ပြီး Pixel 6 နဲ့ ပိုအဆင့်မြင့်တဲ့ Pixel 6 Pro တို့ ပါဝင်လာမှာပါ။ အခုတော့ မိတ်ဆက်ပွဲ မတိုင်ခင် ရက်ပိုင်းအလိုမှာ Pixel 6 Pro ကို Amazon UK မှာ စာရင်းတင်ထားပြီး သတင်းအချက်အလက်တချို့ကို သိလာရပါတယ်။

အဲဒီ စာရင်းကို Roland Quandt က တွေ့ခဲ့တာ ဖြစ်ပြီး Specs အပြည့်အစုံကို မဖော်ပြထားပေမယ့် ဈေးနှုန်း အပါအဝင် Specs တချို့ကို လေ့လာလို့ရလာပါတယ်။ Pixel 6 Pro မှာ ၆.၇၁ လက်မ AMOLED မျက်နှာပြင် တပ်ဆင်ထားပြီး 3120x1440p Resolution ထောက်ပံ့ထားပါတယ်။ 120Hz Refresh Rate ပါတဲ့အတွက် မျက်နှာပြင် တုန့်ပြန်မှု အရမ်း ကောင်းမှာပါ။ HDR10+ ထောက်ပံ့ထားပြီး Punch Hole ကို မျက်နှာပြင် အထက် အလယ်မှာ တပ်ဆင်ထားမှာကို အရင်ကတည်းက သိထားခဲ့ပြီးပါပြီ။ Amazon UK မှာ ဆဲလ်ဖီး ကင်မရာဟာ 12MP ဖြစ်မယ်လို့ ဖော်ပြထားပါတယ်။

Leaked Google Pixel 6 ad provides official pricing details for the imminent  flagship - NotebookCheck.net News

5nm Google Tensor Processor မောင်းနှင်ထားမှာ ဖြစ်ပြီး ဗြိတိန်မှာ မော်ဒယ် ၂ မျိုး ရောင်းချမှာပါ။ 12GB RAM ပါလာမှာ ဖြစ်ပြီး 128GB or 256GB Storage တွေ ရွေးချယ်နိုင်မှာပါ။ microSD Card Slot တော့ မပါလာပါဘူး။

Pixel 6 Pro ရဲ့ အနောက်ဘက်မှာ 50MP Wide Main (PDAF , OIS) , 48MP Telephoto (4x Optical Zoom, PDAF, OIS) နဲ့ 12MP Ultrawide Angle ကင်မရာ ၃ လုံး ပါလာမှာ ဖြစ်ပြီး Pixel Shift , Auto HDR, 4K Video Recording နဲ့ Panorama ကင်မရာ လုပ်ဆောင်ချက်တွေ ထောက်ပံ့ထားမှာပါ။

Amazon UK မှာ ဘက်ထရီ ပမာဏနဲ့ အားသွင်းနှုန်းကို မဖော်ပြထားပေမယ့် မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ မြှပ်နှံထားမယ်လို့ ဖော်ပြထားပါတယ်။ Sunny (Light Yellow) နဲ့ Stormy Black ၂ ရောင်ထုတ်လုပ်ထားမှာ ဖြစ်ပြီး 128GB  Version ကို ၈၄၉ စတာလင်ပေါင်၊ 256GB Version ကို ၉၄၉ စတာလင်ပေါင်နဲ့ ရောင်းချမှာပါ။ လက်ရှိပေါက်ဈေးအရ မြန်မာငွေနဲ့တွက်ရင် ၂၂ သိန်း ၄ သောင်းနဲ့ ၂၅ သိန်းလောက် အသီးသီး ရှိတဲ့အတွက် ဈေးမသေးပါဘူး။ Amazon UK မှာ နိုဝင်ဘာလ ၁ ရက်နေ့ ရောင်းချမယ်လို့ ဖော်ပြထားပါတယ်။

Ref : gizmochina