Google ဟာ ပြီးခဲ့တဲ့နှစ်အောက်တိုဘာလတုန်းက မိတ်ဆက်ခဲ့တဲ့ Pixel 4 Series ဖုန်းတွေမှာ 3D Face Unlock Feature အပြင် လက်ရဲ့လှုပ်ရှားမှုကို သိရှိနိုင်တဲ့ Motion Sense နည်းပညာကိုထည့်သွင်းခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးသိရှိရတဲ့သတင်းအရတော့ အဆိုပါနည်းပညာကို ဆက်လက်အသုံးပြုမှာမဟုတ်ဘူးလို့ ယူဆရပါတယ်။

ဘာကြောင့်လဲဆိုရင် 9to5Google နကနေ ရရှိတဲ့သတင်းအရ Pixel 5 Series ဖုန်းတွေမှာ Motion Sense ကို ထည့်သွင်းလာမှာမဟုတ်တော့ဘူးလို့ ဖော်ပြခဲ့တာကြောင့်ဖြစ်ပါတယ်။ ဒါက Pixel 5 ကို ယခင်ကထက် စျေးပိုသက်သာအောင် Snapdragon 765G Chipset နဲ့ထွက်ရှိလာမှာဖြစ်တဲ့အတွက် ဒီလိုမျိုး ဖြုတ်လိုက်တာကလည်း စျေးနှုန်းကို လျော့ချချင်တာကြောင့်ဖြစ်နိုင်ပါတယ်။

နောက်တစ်ချက်အနေနဲ့ Google ရဲ့ Motion Sense နည်းပညာဟာ Soli Radar Chip ကို အသုံးပြုပြီးတော့ လက်ရဲ့ လှုပ်ရှားမှုအပေါ်လိုက်ပြီး သီချင်းကိုထိန်းချုပ်တာ၊ Alarm နဲ့ Incoming Call တွေကို ထိန်းချုပ်နိုင်တယ်ဆိုပေမယ့် Radar နည်းပညာဖြစ်နေတဲ့အတွက် နိုင်ငံအတော်များများမှာ အသုံးပြုခွင့်မရဘဲ ပိတ်ပင်ခံထားရတာဖြစ်ပါတယ်။ အဲ့ဒီအတွက် Google အနေနဲ့ Pixel 5 မှာ ထည့်သွင်းခြင်းမပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်နိုင်ပါတယ်။

ဒါပေမယ့်လည်း Google Pixel 5 Series ဖုန်းတွေမှာ 3D Face Unlock Feature ကိုတော့ ဆက်လက်အသုံးပြုလာမှာဖြစ်ပြီး မနှစ်တုန်းက Pixel 4 Series ထက် စျေးပိုသက်သာမှာဖြစ်တဲ့အတွက် အောင်မြင်ပါ့မလားဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – Phone Arena