Motorola က တရုတ်မှာ Moto G34 ကို ကြေညာလိုက်ပါတယ်။ စွမ်းရည်သင့် ဖုန်းမှာ 120Hz LCD မျက်နှာပြင် ပါလာပြီး Qualcomm ရဲ့ Snapdragon 695 Chip နဲ့ 50MP Main ကင်မရာ တပ်ဆင်ထားပါတယ်။

18W Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါလာပြီး Android 14 အခြေပြု Moto MYUI 6.0 မောင်းနှင်ထားပါတယ်။

Moto G34 goes official with SD 695 and 120Hz display

Moto G34 မှာ 6.5” IPS LCD HD+ မျက်နှာပြင် တပ်ဆင်ထားပြီး 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ မျက်နှာပြင် အထက် အလယ်မှာ Punch Hole တပ်ဆင်ထားပြီး 16MP ဆဲလ်ဖီး ပါပါတယ်။ Dolby Atmos ထောက်ပံ့တဲ့ စပီကာ ၂ လုံး တပ်ဆင်ထားပါတယ်။

Moto G34 goes official with SD 695 and 120Hz display

အနောက်ဘက်မှာ 50MP Main နဲ့ 2MP Macro ကင်မရာ ၂ လုံးနဲ့အတူ LED Flash ၁ လုံး ပူးတွဲထားပါတယ်။ 8/128GB Version ၁ မျိုးထဲ ထုတ်လုပ်ထားပြီး microSD Card စိုက်နိုင်ပါတယ်။

Moto G34 အတွက် အနက်နဲ့ အပြာရောင် ထုတ်လုပ်ထားပြီး ၁၄၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ တရုတ်မှာ ဒီဇင်ဘာလ ၂၈ ရက်နေ့ ရောင်းချမှာ ဖြစ်ပါတယ်။ Moto G34 ကို နိုင်ငံတကာမှာ ရောင်းချမယ့် သတင်းကို မသိရသေးပါဘူး။

Ref : gsmarena