Motorola က တရုတ်မှာ S50 Neo ကို မကြာခင်က ကြေညာခဲ့ပြီး အဲဒီ စမတ်ဖုန်းကိုပဲ Moto G85 အမည်နဲ့ ဥရောပမှာ ရောင်းချဖို့ စာရင်းတင်ထားပါတယ်။

Moto G85 quietly unveiled in Europe - GSMArena.com news

S50 Neo မှာလိုပဲ Moto G85 မှာ Qualcomm Snapdragon 6s Gen 3 Chipset မောင်းနှင်ထားပါတယ်။ အဲဒီ Chipset ဟာ ၂၀၂၁ ခုနှစ်ထုတ် Snapdragon 695 Chipset ကို အမည်ပြောင်းထားတာ ဖြစ်ပါတယ်။

Moto G85 quietly unveiled in Europe - GSMArena.com news

Moto G85 မှာ Android 14 မောင်းနှင်ထားပြီး 6.67” 1080×2400 pOLED Display တပ်ဆင်ထားပါတယ်။ 12GB RAM နဲ့ 256GB Storage ပါလာပြီး microSD Card စိုက်နိုင်ပါတယ်။ 50MP Main (OIS),, 8MP Ultrawide ကင်မရာကို အနောက်ဘက်နဲ့ 32MP ကင်မရာကို အရှေ့ဘက်မှာ တပ်ဆင်ထားပါတယ်။ 30W Fast Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါလာပြီး Urban Grey, Olive Green နဲ့ Cobalt Blue အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Moto G85 ကို ဗြိတိန်မှာ ၃၀၀ စတာလင်ပေါင် သတ်မှတ်ထားပြီး Motorola Online Store ကနေ ရောင်းချပေးထားပါတယ်။ ဥရောပ နိုင်ငံတွေမှာ ၃၂၀ ကနေ ၃၅၀ ယူရိုအကြား ရောင်းချနိုင်ပါတယ်။

Ref : gsmarena