Motorola X30 Pro ဟာ 200MP ကင်မရာ ပါတဲ့ ပထမဆုံး ဖုန်း ဖြစ်ပါတယ်။ Samsung ရဲ့ ISOCELL HP1 1/1.22” Sensor ဖြစ်ပြီး OIS နဲ့ 16-in-1 Pixel Binning ပါလာပါတယ်။ 8K 30fps ဗီဒီယိုတွေကို ရိုက်ကူးနိုင်ပါတယ်။ အနောက်ဘက်မှာ 50MP Ultrawide , 12MP (2x Optical Zoom) ကင်မရာတွေနဲ့အားဖြည့်ထားပါတယ်။ Omnivision ရဲ့ OV60a Sensor သုံးထားတဲ့ 60MP ဆဲလ်ဖီး ကင်မရာကို Punch Hole မှာ တပ်ဆင်ထားပါတယ်။

Motorola announces X30 Pro and S30 Pro

၆.၆၇ လက်မ OLED FHD+ မျက်နှာပြင် ပါလာပြီး 144Hz Refresh Rate ထောက်ပံ့ထားပါတယ်။ 1,200 nits Brightness ထောက်ပံ့ထားပြီး HDR10+ ပါလာကာ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။

Snapdragon 8+ Gen 1 Chipset မောင်းနှင်ထားပြီး 8/12GB RAM နဲ့ 128/256GB or 512GB Storage တွေ ရွေးချယ်နိုင်ပါတယ်။ Android 12 အခြေပြု MyUI 4.0 မောင်းနှင်ထားပြီး 125W Wired Fast Charging ပါတဲ့ 4,610mAh ဘက်ထရီ ထည့်သွင်းထားပါတယ်။ ၁၉ မိနစ်အတွင်း ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။ 50W Wireless Fast Charging ထောက်ပံ့ထားပါတယ်။

Motorola X30 Pro အတွက် အနက်နဲ့ အဖြူရောင် ထုတ်လုပ်ထားပြီး 8/128GB ကို ၃,၆၉၉ ယွမ်နဲ့ 12/512GB ကို ၄,၄၉၉ ယွမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေနဲ့ဆိုရင် ၁၅သိန်း ဝန်းကျင်လောက် ကျသင့်နိုင်ပါတယ်။

Ref : gsmarena