Motorola က စမတ်ဖုန်း အသစ် ၃ လုံးကို ကြေညာလိုက်ပါတယ်။ Edge 20 , 20 Pro နဲ့ 20 Lite လို့ နာမည်ပေးထားပြီး Pro မော်ဒယ်မှာ ၆.၇ လက်မ OLED 144Hz မျက်နှာပြင် ထည့်သွင်းထားပါတယ်။ 108MP Main , 8MP Periscope (5x Optical Zoom) ကင်မရာတွေ တပ်ဆင်ထားပါတယ်။ Edge 20 မှာ 144Hz OLED မျက်နှာပြင် ပါလာပြီး 108MP Main နဲ့ 8MP Telephoto (3x Optical Zoom) ကင်မရာတွေ တပ်ဆင်ထားပါတယ်။ Edge 20 Lite မှာ ၆.၇ လက်မ OLED 90Hz မျက်နှာပြင်နဲ့ 108MP Main ကင်မရာ ပါလာပါတယ်။

Motorola Edge 20 Pro

Edge 20 Pro မှာ Snapdragon 870 Chipset , 12GB RAM ,  256GB Storage နဲ့ Edge 20 မှာ Snapdragon 778G Chipset , 6/8GB RAM , 128GB Storage တွေ ထည့်သွင်းထားပါတယ်။ Edge 20 Lite မှာ Dimensity 720 Chipset , 6GB RAM နဲ့ 128GB Storage တွေ ပါလာပါတယ်။ Edge 20 နဲ့ 20 Pro မှာ 16MP Ultrawide ကင်မရာကို 108MP Main ကင်မရာနဲ့ ပူးတွဲထားပြီး Edge 20 Lite မှာ 8MP Ultrawide နဲ့ 2MP Depth ကင်မရာတွေနဲ့ အားဖြည့်ထားပါတယ်။

Motorola Edge 20

ဘက်ထရီ အကြောင်းပြောရရင် Lite မော်ဒယ်က အကောင်းဆုံး ဖြစ်ပြီး 30W Charging ပါတဲ့ 5,000mAh ဘက်ထရီ တပ်ဆင်ထားပါတယ်။ Edge 20 Pro မှာတော့ 4,500mAh နဲ့ Edge 20 မှာ 4,000mAh ဘက်ထရီ ပါလာပြီး ၂ လုံးစလုံးမှာ 30W Charging ထည့်ထားပါတယ်။ ဖုန်း ၃ လုံးစလုံးမှာ Android 11 အခြေပြု My UX မောင်းနှင်ထားပြီး External Display နဲ့ ချိတ်လိုက်ရင် ပီစီလို သုံးနိုင်တဲ့ Ready For PC Interface ပါပါတယ်။

Motorola Edge 20 Lite

တန်ဖိုးအနည်းဆုံး အနေနဲ့ Edge 20 Pro ကို ၇၀၀ ယူရို၊ Edge 20 ကို ၅၀၀ ယူရိုနဲ့ Edge 20 Lite ကို ၃၅၀ ယူရို သတ်မှတ်ထားပြီး ၁၃ သိန်း ၇ သောင်း၊ ၉ သိန်း ၇ သောင်းနဲ့ ၆ သိန်း ၈ သောင်းလောက် အသီးသီး ကျသင့်မှာပါ။ ဩဂုတ်လမှာ ဥရောပ၊ လက်တင် အမေရိကနဲ့ အာရှမှာ ရောင်းမှာပါ။

Ref : gsmarena