Motorola ရဲ့ နောက်မျိုးဆက် စွမ်းရည်မြင့် ဖုန်းကို Moto Edge X လို့ နာမည်ပေးထားမှာ ဖြစ်ပြီး ကြေညာမယ့် အချိန်ကို မသိရသေးပါဘူး။ အခုတော့ အဲဒီ စမတ်ဖုန်းကို နိုင်ငံတကာမှာ ဇန်နဝါရီလအတွင်း Motorola Edge 30 Ultra အမည်နဲ့ ကြေညာမယ်လို့ သတင်းထွက်လာပါတယ်။

TechnikNews က ဒီသတင်းကို မျှဝေလိုက်တာ ဖြစ်ပြီး Edge 30 Ultra ရဲ့ Specs အပြည့်အစုံကိုလည်း သတင်းပေးလာပါတယ်။ Edge 30 Ultra မှာ ၆.၆၇ လက်မ FullHD+ OLED Punch-hole မျက်နှာပြင် တပ်ဆင်ထားမှာ ဖြစ်ပြီး 144Hz Refresh Rate နဲ့ HDR10+ ထောက်ပံ့ထားမှာပါ။ Android 12 မောင်းနှင်ထားမှာ ဖြစ်ပြီး နိုင်ငံတကာမှာ OS Update ၂ ကြိမ်ရမှာပါ။

Qualcomm SM8450 SoC ပါလာမယ်လို့ ဖော်ပြထားပြီး မကြေညာရသေးတဲ့ Snapdragon 898 ဖြစ်နိုင်ပါတယ်။ 8GB or 12GB LPDDR5 RAM နဲ့ 128GB or 256GB UFS 3.1 Storage တွေ ထည့်သွင်းထားနိုင်ပါတယ်။ microSD Card စိုက်လို့တော့ မရနိုင်ပါဘူး။

Motorola Edge 30 Ultra full specs leak, 144Hz screen and 68W charging in tow  - GSMArena.com news

ကင်မရာတွေ အကြောင်းပြောရရင် အရှေ့ဘက်မှာ 60MP ကင်မရာ ၁ လုံးနဲ့ အနောက်ဘက်မှာ 50MP Main , 50MP Ultrawide , 2MP Depth ကင်မရာ ၃ လုံး ပါလာနိုင်ပါတယ်။ Main ကင်မရာမှာ OIS ထောက်ပံ့ထားပြီး ဆဲလ်ဖီး ကင်မရာက 4K ဗီဒီယိုတွေ ရိုက်ကူးနိုင်မှာပါ။

အရွယ်ကြီး 5,000mAh ဘက်ထရီနဲ့ 68W Fast Charging ပါလာနိုင်ပြီး USB-C ကနေ အားသွင်းရမှာပါ။ ၁၅ မိနစ်အတွင်း ၅၀ ရာခိုင်နှုန်းနဲ့ ၃၅ မိနစ်အတွင်း ၁၀၀ ရာခိုင်နှုန်း  အားသွင်းပေးနိုင်မှာ ဖြစ်ပြီး Wireless Charging နဲ့ Reverse Charging မပါလာနိုင်ပါဘူး။

Edge 30 Ultra ကို ပလတ်စတစ်နဲ့ တည်ဆောက်ထားပြီး IP52 စံနှုန်းပါလာနိုင်ပါတယ်။ Google Assistant Button တပ်ဆင်ထားပြီး နားကြပ်ပေါက် မပါလာဘူးလို့သိရပါတယ်။ Motorola Edge 30 Ultra ကို နောက်လ တရုတ်မှာ Moto Edge X အမည်နဲ့ ကြေညာနိုင်ပါတယ်။

Ref : gsmarena