Motorola က Edge 40 Neo ကို ကြေညာလိုက်ပြီး Dimensity 7030 SoC မောင်းနှင်ထားပါတယ်။ 12GB LPDDR4x RAM နဲ့ 256GB Storage အထိ ရွေးချယ်နိုင်ပြီး Android 13 ပါလာပါတယ်။

Motorola Edge 40 Neo arrives with Dimensity 7030 SoC, 50MP camera, and 144Hz screen

6.55” FullHD+ pOLED မျက်နှာပြင်ကွေး တပ်ဆင်ထားပြီး 144Hz Refresh Rate နဲ့ 360Hz Touch Sampling Rate ထည့်သွင်းထားပါတယ်။ HDR10+ စံနှုန်းရထားပြီး 1,300 Nits Peak Brightness ထောက်ပံ့ထားပါတယ်။ မျက်နှာပြင်အောက်မှာ လက်ဗွေရာ ကိရိယာ မြှုပ်နှံထားပြီး Punch Hole မှာ 32MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။

Motorola Edge 40 Neo arrives with Dimensity 7030 SoC, 50MP camera, and 144Hz screen

အနောက်ဘက်မှာ 50MP Main (OIS) နဲ့ 13MP Ultrawide ကင်မရာ ၂ လုံး တပ်ဆင်ထားပါတယ်။ ဒုတိယ ကင်မရာမှာ Macro Shot အတွက် Autofocus ပါပါတယ်။ PANTONE Black Beauty, PANTONE Soothing Sea နဲ့ PANTONE Caneel Bay အရောင် ၃ မျိုးထုတ်လုပ်ထားပါတယ်။

Motorola Edge 40 Neo with agood's cases

IP68 ရေစိုခံစံနှုန်း၊ 5G နဲ့ NFC ထည့်သွင်းထားပြီး Dolby Atmos ထောက်ပံ့တဲ့ စတီရီယို စပီကာတွေ ပါပါတယ်။ 68W Charging ပါတဲ့ 5,000mAh Battery တပ်ဆင်ထားပြီး Motorola က ၁၅ မိနစ်နဲ့ ၅၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်တယ်လို့ ပြောပါတယ်။

တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၃၉၉ ယူရို သတ်မှတ်ထားပြီး စက်တင်ဘာလ ၂၁ ရက်နေ့ အိန္ဒိယမှာ ရောင်းမှာပါ။

Ref : gsmarena