Motorola က နိုင်ငံအလိုက် မတူညီတဲ့ Chipset ၂ ခု ထည့်သွင်းပေးထားတဲ့ Edge 50 Fusion ကို ကြေညာလိုက်ပါတယ်။ အရှေ့အလယ်ပိုင်း၊ ဥရောပနဲ့ အာဖရိကမှာ Snapdragon 7s Gen 2 ထည့်ထားပြီး 6.7” P-OLED FHD+ 144Hz Display တပ်ထားပါတယ်။

လက်တင်အမေရိကအတွက် Snapdragon 6 Gen 1 Chip ထည့်ထားပြီး 6.7” P-OLED FHD+ 120Hz Display ပါပါတယ်။ ကျန်တဲ့ Specs အားလုံးက တူညီကြပါတယ်။

Motorola Edge 50 Fusion Hot Pink

Edge 50 Fusion မှာ 12GB RAM နဲ့ 512GB Storage အထိ ထည့်သွင်းထားပြီး 68W Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါပါတယ်။ Android14 အခြေပြု Hello UX OS မောင်းနှင်ထားပြီး AI ထုတ် Wallpaper တွေ ပါပါတယ်။

Motorola Edge 50 Fusion Forest Blue

ဆဲလ်ဖီးအတွက် 32MP ကင်မရာနဲ့ အနောက်အတွက် 50MP Main (OIS) နဲ့ Macro Lens လို သုံးနိုင်တဲ့ 13MP Ultrawide ကင်မရာ ပါပါတယ်။ IP68 ရေစိုခံစံနှုန်း ထည့်သွင်းထားပါတယ်။

Edge 50 Fusion ကို ဥရောပမှာ ၃၄၉ ယူရိုနဲ့ ရောင်းချမှာ ဖြစ်ပြီး Forest Blue, Hot Pink နဲ့ Marshmallow Blue အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Ref : gizmochina