Qualcomm ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းက Snapdragon 865+ ကို အနည်းငယ်အဆင့်မြှင့်တင်ထားတဲ့ Snapdragon 870 Chipset ကို မိတ်ဆက်ခဲ့ပါတယ်။ အခုအချိန်မှာတော့ အဆိုပါ Snapdragon 870 Chipset ကို ပထမဆုံးအနေနဲ့ အသုံးပြုထားတဲ့ Motorola Edge S စမတ်ဖုန်းကို တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။

Motorola Edge S စမတ်ဖုန်းဟာ Display ပိုင်းအနေနဲ့ 6.7″ Full HD+ IPS LCD Display ကို အသုံးပြုထားပြီး 90Hz Refresh Rate ကို Support ပေးမှာလည်းဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ Selfie Camera ၂ လုံးပါဝင်ပြီးတော့ Camera ၁ လုံးစီအတွက် Punch-hole ပုံစံပြုလုပ်ထားတာကို တွေ့ရပါတယ်။

Selfie Camera အနေနဲ့ကတော့ 16MP Primary Sensor နဲ့ 8MP Ultrawide Sensor တွေပါဝင်မယ်လို့သိရပါတယ်။ နောက်ဖက်က Camera အနေနဲ့ကတော့ 64MP Primary Sensor + 16MP Ultrawide Sensor + 2MP Depth Sensor တွေအပြင် ToF Sensor လည်းပါဝင်မှာဖြစ်ပါတယ်။ Video Recording အနေနဲ့လည်း 6K Video တွေအထိရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

Performance ပိုင်းမှာတော့ Snapdragon 870 Chipset ကိုမှ RAM 6GB သို့မဟုတ် 8GB ပါဝင်မှာဖြစ်ပြီး Storage အနေနဲ့လည်း 128GB သို့မဟုတ် 256GB ပါဝင်မယ်လို့ သိရပါတယ်။ Battery အနေနဲ့ကတော့ 5000mAh Battery ကိုမှ 20W Fast Charging Support ပေးနိုင်မှာဖြစ်ပါတယ်။

ကျန်တဲ့ Specs တွေအနေနဲ့ကတော့ Fingerprint Sensor ကို ဘေးဘက် Power Button မှာ ထည့်သွင်းထားပြီး IP52 Splash Proof ၊ 3.5mm Headphone Jack တွေလည်းပါဝင်မှာဖြစ်ပါတယ်။ အရောင်အနေနဲ့ကတော့ Emerald Light ဆိုပြီး မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

စျေးနှုန်းအနေနဲ့ကတော့ RAM 6GB + 128GB Model ကို 1,999 Yuan (မြန်မာငွေ ၄ သိန်း ၁ သောင်းဝန်းကျင်) ၊ RAM 8GB + 128GB Model ကို 2,399 Yuan (မြန်မာငွေ ၅ သိန်းဝန်းကျင်) နဲ့ RAM 8GB + 256GB Model ကိုတော့ 2,799 Yuan (မြန်မာငွေ ၅ သိန်း ၈ သောင်းဝန်းကျင်) နဲ့ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref – GSM Arena