Motorola က ဖုန်း အသစ်တွေ ကြေညာဖို့ ပြင်ဆင်နေပါတယ်။ အဲဒီ စမတ်ဖုန်းတွေက Moto G Pure နဲ့ Moto E40 တို့ ဖြစ်ပြီး အခုတော့ မိတ်ဆက်ပွဲ မတိုင်ခင် ဓါတ်ပုံတွေ ပေါက်ကြားထွက်ပေါ်လာပါတယ်။ အဲဒီ ဖုန်း ၂ လုံးထဲမှာ စွမ်းရည်ပိုမြင့်တဲ့ Moto G Pure အကြောင်းကို အရင် ပြောပြချင်ပါတယ်။ Moto G Pure မှာ Helio G25 Chipset မောင်းနှင်ထားပြီး တန်ဖိုးအနည်းဆုံး မော်ဒယ်မှာ 4GB RAM နဲ့ 32GB Storage ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။ 48MP Main နဲ့ 2MP Depth ကင်မရာ ၂ လုံးကို အနောက်ဘက်နဲ့ 5MP ဆဲလ်ဖီး ကင်မရာ ၁ လုံးကို အရှေ့ဘက်မှာ တပ်ဆင်ထားမှာပါ။ ၆.၅ လက်မ AMOLED မျက်နှာပြင်မှာ အရွယ်သေး Notch ထည့်သွင်းထားမှာပါ။

Motorola Moto G Pure poster

ဘက်ထရီက 4,000mAh ဖြစ်ပြီး 10W Charging ထောက်ပံ့ထားမှာပါ။ အထူက ၁၀.၁ မီလီမီတာ ရှိပြီး အလူမီနီယမ် ဖရိမ် တပ်ဆင်ထားမှာပါ။ အနောက်ဘက်ကို ပလတ်စတစ်နဲ့ ဖုံးအုပ်ထားနိုင်ပြီး USB Type-C နဲ့ နားကြပ်ပေါက် ပါလာနိုင်ပါတယ်။ အောက်တိုဘာလမှာ ကြေညာနိုင်ပြီး ၃၀၀ နဲ့ ၃၅၀ ဒေါ်လာအတွင်း ရောင်းချနိုင်ပါတယ်။ မြန်မာငွေ ၅ သိန်း ၆ သောင်းနဲ့ ၆ သိန်း ၅ သောင်းအတွင်း ကျသင့်နိုင်ပါတယ်။

The Motorola Moto G Pure will be available in Electric Graphite (pictured) and Lagoon GreenThe Motorola Moto G Pure will be available in Electric Graphite (pictured) and Lagoon GreenThe Motorola Moto G Pure will be available in Electric Graphite (pictured) and Lagoon Green

Moto E40 က တန်ဖိုးနည်း ဖုန်း ဖြစ်ပြီး Unisoc T700 Chipset , 4GB RAM နဲ့ 64GB Storage တွေပါလာမယ်လို့ သတင်းထွက်နေပါတယ်။ Android 11 Go Edition မောင်းနှင်ထားပြီး အနောက်ဘက်မှာ 48MP Main , 2MP Depth နဲ့ 2MP Macro ကင်မရာ ၃ လုံး ပါလာနိုင်ပါတယ်။ ၆.၅ လက်မ IPS 90Hz မျက်နှာပြင် ထည့်သွင်းထားနိုင်ပြီး အရွယ်အစား အပြည့်အစုံက 165.08 x 75.64 x 9.14mm ဖြစ်ပါတယ်။

အလေးချိန်က ၁၉၈ ဂရမ် ဖြစ်ပြီး 10W Charging ထောက်ပံ့တဲ့ 4,000mAh ဘက်ထရီ ပါလာနိုင်ပါတယ်။ IP52 စံနှုန်း၊ နားကြပ်ပေါက်နဲ့ Google Assistant ခလုတ် ထည့်သွင်းထားနိုင်ပြီး ယူရို ၂၀၀ အောက်နဲ့ ရောင်းချနိုင်ပါတယ်။ မြန်မာငွေနဲ့တွက်ရင် ၄ သိန်း ၄ သောင်းလောက် ကျသင့်နိုင်ပါတယ်။

Ref : gsmarena