Motorola က မကြာခင်မှာ Moto G 5G စမတ်ဖုန်း အသစ်ကို ကြေညာတော့မှာပါ။ အဲဒီ ဖုန်းရဲ့ Specs နဲ့ ဓါတ်ပုံတွေ ပြီးခဲ့တဲ့ ရက်အနည်းငယ်က ထွက်ပေါ်လာခဲ့ပေမယ့် အဓိက ကျတဲ့ Specs ၁ ခုကတော့ မှားယွင်းနေတယ်လို့ ထင်ပါတယ်။

XDA Developers က Adam Conway က Moto G 5G မှာ Snapdragon 690 Processor ပါမှာ မဟုတ်ဘဲ Snapdragon 750G Processor ပါမယ်လို့ ပြောပါတယ်။ အဲဒီ Chipset ကို Xiaomi Mi 10T Lite နဲ့ Galaxy A42 5G တို့မှာ ထည့်သွင်းထားပါတယ်။

Moto G 5G specs leak, Plus variant also coming - GSMArena.com news

တွစ်တာမှာ ထွက်လာတဲ့ သတင်းအရ 60Hz FHD Punch Hole မျက်နှာပြင် ၊ 6GB RAM ၊ 128GB Storage နဲ့ NFC ပါမယ်လို့ သိရပါတယ်။ အဲဒီ ဖုန်းမှာ 48MP Samsung GM1 Main Sensor ၊ 8MP Samsung S5K4HZ Telephoto Sensor နဲ့ 2MP OmniVision OV02B10 Depth Sensor တွေကို အနောက်ဘက်နဲ့ 16MP ဆဲလ်ဖီး ကင်မရာကို အရှေ့ဘက်မှာ ထည့်သွင်းထားမှာပါ။

XDA Developers က Mishaal Rahman က ၆.၆ လက်မ 2400x1080p မျက်နှာပြင်၊ 5,000mAh ဘက်ထရီနဲ့ Google Assistant Button ပါမယ်လို့ ဖြည့်စွက် သတင်းပေးထားပါတယ်။ အဲဒီ ဖုန်း ကြေညာမယ့် အချိန်ကိုတော့ မသိရသေးဘဲ Moto G 5G Plus ထက် ဈေးသက်သာမှာပါ။

Ref : gizmochina