Motorola Moto E20 ကို ဩဂုတ်လနှောင်းပိုင်းက Geekbench မှာ တွေ့ခဲ့ရပြီး အဓိက Specifications တွေကို ဖော်ပြထားပါတယ်။ အဲဒီ စမတ်ဖုန်းရဲ့ လျှို့ဝှက်နာမည်က Aruba ဖြစ်ပြီး Octa-core Processor မောင်းနှင်ထားတယ်လို့ စာရင်းတင်ထားပါတယ်။

Motorola Moto E20Motorola Moto E20

အခုတော့ Motorola က Moto E20 ကို ဥရောပမှာ တရားဝင် ကြေညာလိုက်ပြီး ယူရို ၁၀၀ သတ်မှတ်ထားပါတယ်။ လက်ရှိပေါက်ဈေးအရ မြန်မာငွေနဲ့တွက်ရင် ၂ သိန်း ၁ သောင်းလောက်ပဲ ရှိတဲ့အတွက် ဈေးနှုန်း တော်တော်ချိုသာတဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။

Motorola Moto E20 မှာ ၆.၅ လက်မ LCD HD+ မျက်နှာပြင် ထည့်သွင်းထားပြီး အရွယ်သေး Notch မှာ 5MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 13MP Main နဲ့ 2MP Depth ကင်မရာ ၂ လုံးကို LED Flash ၁ လုံးနဲ့ ပူးတွဲထားပါတယ်။

Motorola Moto E20 in gray

Unisoc T606 Chipset မောင်းနှင်ထားပြီး 2GB RAM နဲ့ 32GB Storage ထည့်သွင်းထားသလို microSD Card နဲ့ Storage ကို မြှင့်တင်နိုင်ပါတယ်။ Android 11 Go Edition ပါလာပြီး ဘက်ထရီက 4,000mAh ဖြစ်ပါတယ်။ 10W Charging ထောက်ပံ့ထားပြီး USB-C Port ပါပါတယ်။ IP52 စံနှုန်း ရရှိထားပြီး ရေစက်ရေပေါက်တွေကို ခံနိုင်ပါတယ်။ ဥရောပမှာ နောက်လအတွင်း ရောင်းချမှာ ဖြစ်ပြီး အပြာနဲ့ အညိုရောင်တွေ ထုတ်လုပ်ထားပါတယ်။

Ref : gsmarena