Motorola က Moto E20 ရဲ့ အကြောင်း ဘာမှ မပြောသေးပါဘူး။ ဒါပေမယ့် အဲဒီ စမတ်ဖုန်းရဲ့ သတင်းအချက်အလက်တွေ ပေါက်ကြားထွက်ပေါ်နေပါပြီ။ တန်ဖိုးနည်း စမတ်ဖုန်း ဖြစ်ပြီး အခုတော့ Geekbench မှာ အဓိက Specs တွေ ပေါက်ကြားထွက်ပေါ်လာပါတယ်။

Moto E20 on Geekbench 4Moto E20 on Geekbench 5

Moto E20 ရဲ့ လျှို့ဝှက်နာမည်က Aruba ဖြစ်ပြီး 2GB RAM ထည့်သွင်းထားပါတယ်။ Octa-core Processor မောင်းနှင်ထားပြီး Unisoc T606 SoC ဖြစ်နိုင်ပါတယ်။ Android 11 မောင်းနှင်ထားပြီး Go Version ဖြစ်ပါတယ်။ Android Go Version က စွမ်းရည်နိမ့် စမတ်ဖုန်းတွေမှာ လျှင်လျှင်မြန်မြန် အလုပ်လုပ်ပါတယ်။

Motorola Moto E20Motorola Moto E20

Geekbench မှာ Moto E20 ရဲ့ တခြား Specs တွေကို မဖော်ပြထားသေးပေမယ့် အရင်က ပေါက်ကြားထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ Moto E20 မှာ ၆.၅ လက်မ HD+ LCD မျက်နှာပြင် ထည့်သွင်းထားပြီး 32GB Internal Storage ပါလာမှာ ဖြစ်ပါတယ်။ Storage ကို မြှင့်တင်ပေးဖို့ microSD Card Slot တပ်ဆင်ထားမှာ ဖြစ်ပြီး 10W Charging ထောက်ပံ့တဲ့ 4,000mAh ဘက်ထရီ ပါလာမှာ ဖြစ်ပါတယ်။

ဆဲလ်ဖီး နဲ့ Video Call အတွက် 5MP ကင်မရာကို အရှေ့ဘက်မှာ တပ်ဆင်ထားမှာ ဖြစ်ပြီး အနောက်ဘက်မှာ 8MP Main နဲ့ 2MP Depth ကင်မရာ ၂ လုံး ပါလာမှာ ဖြစ်ပါတယ်။

Motorola ဟာ Moto E30 ကိုလည်း ဖန်တီးနေပြီး လျှို့ဝှက်နာမည်က Cyprus ဖြစ်ပါတယ်။ အဲဒီ စမတ်ဖုန်းရဲ့ သတင်းအချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

Ref : gsmarena