Motorola Moto G Stylus 2021 ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလဆန်းကတည်းက Amazon မှာ Listing လုပ်ထားတာ ဖြစ်ပါတယ်။ အစောပိုင်းထွက်ခဲ့တဲ့ Render နဲ့ Amazon မှာတွေ့ရတဲ့ ရုပ်ပုံတွေဟာ Moto G Stylus 2021 ပုံသဏ္ဍာန်အစစ်အမှန်လို့ ယုံကြည်ခဲ့ကြပါတယ်။

ဒါပေမယ့် Moto G Stylus 2021 ရဲ့ ပုံသဏ္ဍာန်နဲ့ပတ်သက်ပြီး Leakster တွေအကြား ကွဲပြားတဲ့ယူဆချက်တွေနဲ့ တင်ပြမှုတွေရှိနေတာကိုလည်း တွေ့ရပါတယ်။ ဒါကို Steve Hemmerstoffer @OnLeaks နဲ့ Evan Blass @evaleaks တို့ရဲ့ ဖော်ပြချက်တွေမှာ တွေ့မြင်ရပါတယ်။ သတင်းရင်းမြစ်နှစ်ခုဟာ ဖုန်းရဲ့ Fingerprint reader နေရာမှာ တူညီမှုမရှိကြတာလည်း ဖြစ်ပါတယ်။

Evan Blass ကတော့ ပါဝါခလုတ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ဘေးဘက်မှာနေရာချထားမယ်လို့ ဖော်ပြခဲ့ပေမယ့်၊ နောက်ပိုင်းထွက်လာတဲ့ Render တွေမှာတော့ သမားရိုးကျစမတ်ဖုန်းတွေအတိုင်း ကျောဘက်မှာပဲ နေရာချထားတဲ့ ပုံစံကို တွေ့မြင်လာရတာပါ။ ဒါကြောင့် အခုထွက်ပေါ်လာတဲ့ ဒီဇိုင်းသစ်ကလည်း မှန်ကန်ပါတယ်လို့ပြောဖို့အတွက် ခဲယဉ်းသေးတယ်လို့ ဆိုနိုင်ပါတယ်။

ဒီဇိုင်းသစ်မှာတွေ့မြင်ရတဲ့ ကင်မရာအိမ်နဲ့ နေရာချဖွဲ့စည်းပုံကတော့ လက်ရှိခေတ်ရေစီးကြောင်းနဲ့ ပိုပြီးတော့နီးစပ်တယ်လို့ ဆိုနိုင်ပါတယ်။ ရင်းမြစ်နှစ်ခုလုံး သဘောတူညီတာကတော့ Moto G Stylus 2021 ဟာ ကြီးမားတဲ့ စမတ်ဖုန်းတစ်လုံးအဖြစ် 6.8-inch မျက်နှာပြင် နဲ့169.6 x 73.7 x 8.8 mm ကိုယ်ထည် ရှိမယ်လို့ ဆိုတာပါပဲ။ ဒီအရွယ်အစားဟာ လက်ရှိ Samsung Galaxy Note20 Ultra ထက်တောင် ပိုပြီး ထူထဲတယ်လို့ ဆိုနိုင်ပါတယ်။

Moto G Stylus 2021 ဟာ Stylus ကို ဘယ်လိုမျိုး နေရာချထားမလဲဆိုတာလည်း စိတ်ဝင်စားစရာ ဖြစ်ပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီဟန်းဆက်မှာ Mid-range specs တွေကို မျှော်လင့်လို့ရပြီး၊ LG Stylo 7 နဲ့ ပိုပြီးယှဉ်ပြိုင်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။ သတင်းတွေအရတော့ Snapdragon 675 chipset ကို အသုံးပြုထားပြီး 4GB of RAM နဲ့ 128GB storage ရှိတယ်လို့ သိရပါတယ်။

Ref: GSM Arena