Motorola ဟာ ပြီးခဲ့တဲ့နှစ်တုန်းက သူတို့ရဲ့ ပထမဆုံး Foldable ဖုန်းတစ်လုံးဖြစ်တဲ့ Razr ကို မိတ်ဆက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း နောက်ထပ်အဆင့်မြှင့်တင်ထားတဲ့ Motorola Razr 5G ကိုပါ ထပ်မံမိတ်ဆက်ခဲ့ပါသေးတယ်။

အခုလည်း Motorola ကနေ အဆိုပါ Razr 5G ကို တရုတ်နိုင်ငံအတွက် Special Edition အနေနဲ့ မိတ်ဆက်သွားဖို့ စီစဥ်ထားတယ်လို့ သိရပါတယ်။ အဆိုပါ Special Edition အတွက်ကတော့ Germany Luxury Brand တစ်ခုဖြစ်တဲ့ Montblanc နဲ့ ပူးပေါင်းပြီးထုတ်လုပ်မှာဖြစ်ပါတယ်။

Montblanc ဟာ လက်ရှိအချိန်မှာ Fountain Pen ၊ Watches ၊ Bags တွေအပြင် Headphone တွေကို ထုတ်လုပ်နေတဲ့ကုမ္ပဏီတစ်ခုဖြစ်ပေမယ့် အခုလိုမျိုး စမတ်ဖုန်းကုမ္ပဏီတစ်ခုနဲ့ ပူးပေါင်းတာကတော့ ပထမဆုံးပဲဖြစ်ပါတယ်။ နောက်ဆုံးထွက်ရှိလာတဲ့ဓါတ်ပုံအရတော့ အဆိုပါ Motorola Razr 5G Mont Blanc Edition ဖုန်းရဲ့ ဘူးခွံကိုပဲ မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

အဲ့ဒီအတွက် တကယ့်ဖုန်းအနေနဲ့ကတော့ ဘယ်လိုမျိုးရှိမလဲဆိုတာကိုတော့ မသိရှိရသေးပါဘူး။ Motorola Razr 5G ဖုန်းဟာ 6.2″ Flexible OLED Display ကိုမှ အပြင်ဘက်မှာ 2.7″ Secondary Display ပါဝင်မှာဖြစ်ပါတယ်။ Performance ပိုင်းအနေနဲ့ကတော့ Qualcomm Snapdragon 765G Chipset ကို အသုံးပြုးထားပြီး RAM 8GB နဲ့ 256GB Storage တွေထည့်သွင်းထားမှာပါ။

ကျန်တဲ့ Camera ပိုင်းအနေနဲ့ကတော့ 48MP Primary Camera အပြင် 20MP Selfie Camera ပါဝင်မှာဖြစ်ပြီး Battery အနေနဲ့ 2800mAh Battery ပါဝင်မှာဖြစ်ပါတယ်။ ယခု Specification တွေဟာ ပုံမှန် Motorola Razr 5G အတွက်ဖြစ်ပြီး Mont Blanc Edition အတွက်လည်း အတူတူဖြစ်လာမယ်လို့ ယူဆရပါတယ်။

Ref – Gizmo China