Motorola ဟာ ပြီးခဲ့တဲ့နှစ်တုန်းက RAZR flip ဖုန်းကို Flexible OLED မျက်နှာပြင်နဲ့အတူ ထုတ်လုပ်ဖြန့်ချိခဲ့ပါတယ်။ ဒီဖုန်းဟာ အတော်လေးကို ကောင်းမွန်တဲ့ စမတ်ဖုန်းအဖြစ် သတ်မှတ်ခံခဲ့ရပေမယ့် ၂၀၂၀ မှာ ထွက်လာမယ့် Flagships တွေနဲ့နှိုင်းယှဉ်မယ်ဆိုရင်တော့ စွမ်းဆောင်ရည်ပိုင်းမှာ အမြင့်ဆုံး ဟုတ်မနေပါဘူး။

ဒါပေမယ့်လည်း Motorola RAZR flip ကို နှစ်ခြိုက်လက်ခံသူတွေလည်း ရှိနေတာကြောင့် ကုမ္ပဏီဟာ ဒီစမတ်ဖုန်းကို အဆင့်မြှင့်တင်ခြင်းတွေပြုလုပ်ပြီး RAZA 2020 ကို ထပ်မံထုတ်လုပ်ဖို့ အစီအစဉ်တွေ ချမှတ်ခဲ့ရပါတယ်။ Motorola ရဲ့ ဒီလုပ်ဆောင်ချက်တွေကို ဖော်ထုတ်ပေးတာကတော့ နာမည်ကျော် Tipster ကြီး Evan Blass (@evleaks) ပဲ ဖြစ်ပါတယ်။

Evan Blass ရဲ့အဆိုအရ ဖုန်းရဲ့ ကုဒ်နာမည်ဟာ Odyssey ဖြစ်ပြီး ဒါဟာ RAZR 5G လို့လည်း လူသိများကြပါတယ်။ Snapdragon 765G SoC ဟာ 5G ချိတ်ဆက်မှုကို ထောက်ပံ့ပေးနိုင်တယ်ဆိုတာလည်း အားလုံးသိကြမယ်ထင်ပါတယ်။ Render တွေအရ Mercury Silver အရောင်နဲ့ဖြစ်တာကိုတွေ့ရပါတယ်။ ဒါကြောင့် ကောလာဟလတွေကို အတည်ပြုနိုင်ခဲ့ပါပြီ။

RAZR 2020 ဟာ ဒီဇိုင်းပိုင်းမှာတော့ 2019 ခုနှစ်တုန်းကနဲ့ ဆင်တူတယ်လို့ ဆိုနိုင်ပါတယ်။ 6.2-inch Flex View P-OLED အဓိကမျက်နှာပြင်နဲ့ Fled View G-OLED အရံမျက်နှာပြင်တွေပါဝင်လာမယ်လို့ မျှော်လင့်ရပါတယ်။ 4G LTE အမျိုးအစားနဲ့နှိုင်းယှဉ်ရင် ပိုကောင်းတဲ့ ကင်မရာတွေ တပ်ဆင်လာမယ်လို့လည်း ဆိုပါတယ်။

အရှေ့ကင်မရာဟာ ယခင် 5MP အစား 20MP အဖြစ် ပြောင်းလဲသွားပြီး အနောက်ကင်မရာကလည်း ယခင် 16MP အစား 48MP အဖြစ်ပြောင်းလဲသွားမယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာတော့ RAZR 2020 ကို တရုတ် 3C မှာ အသိအမှတ်ပြုခံထားရပြီး 18W အမြန်အားသွင်းစနစ်လည်း ထောက်ပံ့ထားတာကို တွေ့ရပါတယ်။ ဘက်ထရီကတော့ 2,845mAh အဖြစ် မြင်တွေ့ရမယ်လို့ မျှော်လင့်ရပါတယ်။

Ref: Gizmochina