Motorola က နောက်မျိုးဆက် Foldable ဖုန်းကို ကြေညာလိုက်ပါတယ်။ Moto Razr 50 လို့ အမည်ပေးထားပြီး ကြီးမားတဲ့ Cover Screen ပါလာပါတယ်။ အိန္ဒိယမှာ Motorola က ကြေညာလိုက်တာ ဖြစ်ပြီး Specs ‌ အပြည့်အစုံကို အောက်မှာ လေ့လာနိုင်ပါတယ်။

Motorola Razr 50 မှာ 6.9” pOLED FlexView Display တပ်ဆင်ထားပြီး LTPO Support ပါပါတယ်။ 120Hz Refresh Rate , FHD+ Resolution , HDR10+ နဲ့ 3,000 Nits Peak Brightness ထောက်ပံ့ထားပါတယ်။ External Screen က 3.6” pOLED Panel ဖြစ်ပြီး 90Hz Refresh Rate ထောက်ပံ့ထားကာ Corning Gorilla Glass Victus နဲ့ ကာကွယ်ထားပါတယ်။

Motorola Razr 50 Ultra With Snapdragon 8s Gen 3 SoC, 4-Inch Cover Display Launched in India: Price, Specifications | Technology News

MediaTek Dimensity 7300X SoC မောင်းနှင်ထားပြီး 8GB RAM နဲ့ 256GB Storage ပါပါတယ်။ Android 14 OS မောင်းနှင်ထားပါတယ်။ အနောက်ဘက်မှာ 50MP Main , 13MP Ultrawide နဲ့ အရှေ့ဘက်မှာ 32MP ကင်မရာ တပ်ဆင်ထားပါတယ်။

4,200mAh Battery ပါလာပြီး 33W Wired နဲ့ 15W Wireless Charging ထောက်ပံ့ထားပါတယ်။ Sand Beach, Koala Gray နဲ့ Spritz Orange အရောင်တွေ ထုတ်လုပ်ထားပြီး 8/256GB ကို ၆၄,၉၉၉ ရူပီး သတ်မှတ်ထားပါတယ်။

Ref : gizmochina