Motorola က Moto AI ပါတဲ့ Razr 50 ခေါက်ဖုန်းကို ‌ကြေညာလိုက်ပါတယ်။ အဲဒီဖုန်းမှာ Display ၂ ခု တပ်ဆင်ထားပြီး 6.9” FHD+ pOLED Main Display နဲ့ 3.63” pOLED External Display တို့ ဖြစ်ပါတယ်။ အဲဒီ Display ၂ ခုစလုံးမှာ HDR10+ , 10bit Color စတဲ့ အထင်ကြီးစရာ လုပ်ဆောင်ချက်တွေ ပါပါတယ်။ Main Display မှာ LTPO, 120Hz Refresh Rate နဲ့ 3,000 Nits Peak Brightness တို့ ပါပါတယ်။ External Display မှာ 90Hz Refresh Rate , 1,700 Nits Peak Brightness ပါပါတယ်။ Gorilla Glass Victus နဲ့ ကာကွယ်ထားပါတယ်။

MediaTek Dimensity 7300X Processor မောင်းနှင်ထားပြီး 256GB UFS 2.2 Storage နဲ့ 8GB LPDDR4X RAM ထည့်သွင်းထားပါတယ်။ 30W TurboPower Charging နဲ့ 15W Wireless Charging ထောက်ပံ့တဲ့ 4,200mAh Battery ထည့်သွင်းထားပါတယ်။

Motorola Razr 50

အနောက်ဘက်မှာ 50MP Main (OIS) နဲ့ 13MP Ultrawide/Macro ကင်မရာတွေ တပ်ဆင်ထားပြီး ဆဲလ်ဖီး ကင်မရာက 32MP ဖြစ်ပါတယ်။ 4K UHD 30fps Video နဲ့ FHD 60/30fps Video တွေ ရိုက်ကူးနိုင်ပါတယ်။ Dolby Atmos, Spatial Sound ထောက်ပံ့တဲ့ စတီရီယို စပီကာ ၂ လုံးနဲ့ မိုက်ကရိုဖုန်း ၃ လုံး ထည့်သွင်းထားပါတယ်။

Motorola Razr 50 ရဲ့ ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို မသိရသေးပါဘူး။

Ref : gizmochina