Motorola က Razr 50 Series ခေါက်ဖုန်းတွေကို ဥရောပမှာ ကြေညာလိုက်ပါတယ်။ Moto Razr 50 Ultra မှာ ကြီးမားတဲ့ အပြင်ဘက် Display တပ်ဆင်ထားပြီး 4” အရွယ်အစား ရှိပါတယ်။ pOLED Panel ဖြစ်ပြီး 165Hz Refresh Rate ထောက်ပံ့ထားပါတယ်။ အတွင်းဘက်မှာ 6.9” FHD+ Foldable pOLED LTPO Display တပ်ဆင်ထားပြီး HDR10+ နဲ့ 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ အရှေ့ဘက်ကို Gorilla Glass Victus နဲ့ ကာကွယ်ထားပြီး အနောက်ဘက်မှာ သားရေအတု ဒီဇိုင်းကို သုံးထားပါတယ်။ 6000 Series High-strength Aluminum Frame သုံးထားပြီး IPX8 ရေစိုခံစံနှုန်း ပါပါတယ်။

Motorola Razr 50 Ultra India color options

Snapdragon 8s Gen 3 Processor မောင်းနှင်ထားပြီး 12GB LPDDR5X RAM နဲ့ 512GB UFS 4.0 Storage ပါပါတယ်။ 45W TurboPower Charging, 15W Wireless Charging နဲ့ 5W Reverse Charging ထောက်ပံ့ထားတဲ့ 4,000mAh Battery ထည့်သွင်းထားပါတယ်။ ဘေးဘက်လက်ဗွေရာ ကိရိယာနဲ့ Face Unlock ပါပါတယ်။

Motorola's razr 50 Ultra and Razr 50 now globally available, Moto tag unveiled

Software အကြောင်းပြောရရင် Android 14 ပါလာပြီး စာရိုက်ထည့်လိုက်တာနဲ့ Wallpaper တွေ ဖန်တီးပေးနိုင်တဲ့ Magic Canvas လို Feature တွေ ပါတဲ့ Moto Ai ထည့်သွင်းထားပါတယ်။

အနောက်ဘက်မှာ 50MP Main (OIS) , 50MP Telephoto ကင်မရာနဲ့ အရှေ့ဘက်မှာ 32MP ကင်မရာ တပ်ဆင်ထားပါတယ်။ Dolby Atmos ထောက်ပံ့တဲ့ စတီရီယို စပီကာ ၂ လုံး ပါလာပြီး Gemini နဲ့ Moto AI Agent နဲ့ အသံကို ထိန်းချုပ်နိုင်တဲ့ မိုက်ကရိုဖုန်း ၃ လုံး တပ်ဆင်ထားပါတယ်။

Ref : gizmochina