[Unicode]

Motorola က ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ Foldable ဖုန်း ဖြစ်တဲ့ Razr ကို ကြေညာခဲ့ပါတယ်။ အခုတော့ Razr ကို အမေရိကန်ရဲ့ နာမည်ကြီး Carrier ၁ ခုဖြစ်တဲ့ Verizon ကနေ ဒေါ်လာ ၁,၅၀၀ နဲ့ ကြိုတင်မှာယူနိုင်ပြီဖြစ်ပြီး မြန်မာငွေ ၂၂ သိန်းလောက် ရှိပါတယ်။ Verizon က ၁ လကို ၆၂.၄၉ ဒေါ်လာနဲ့ ၂ နှစ်ကြာခွဲပြီး အရစ်ကျပေးသွင်းနိုင်မယ့် အစီအစဉ်ကိုလည်း ပြုလုပ်ပေးထားပါတယ်။ 128GB Storage ပါတဲ့ Noir Black ၁ မျိုးထဲပဲ ရောင်းပေးထားပါတယ်။

Product Page မှာ ဖော်ပြထားချက်အရ ဘူးခွံထဲမှာ 15W TurboPower Charger , Headphone Dongle , USB Type-C Cable နဲ့ Razr Earbuds တွေ ပါတယ်လို့ ဖော်ပြထားပါတယ်။ Verizon က နောက်လ ၁၄ ရက်နေ့မှာ စတင်ပို့ဆောင်ပေးမယ်လို့ ပြောပါတယ်။

Razr ရဲ့ Specs တွေကို ပြန်လည်ဖော်ပြလိုက်ပါတယ်။ ၆.၂ လက်မ Flex View p-OLED ပင်မ မျက်နှာပြင်ရဲ့ အရည်အသွေးက 2142×876 ဖြစ်ပြီး ဖြန့်ထားချိန်မှာ သုံးရတဲ့ မျက်နှာပြင်ပါ။ ဖုန်းကို ခေါက်ချိုးထားရင် ၂.၆၉ လက်မ Quick View အပို မျက်နှာပြင်ကို သုံးနိုင်ပါတယ်။ ခေါက်ချိုးထားရင် အရွယ်အစား သေးငယ်ကျစ်လစ်ပြီး အိတ်ကပ်ထဲ ထည့်သွားလို့ အိုကေပါတယ်။ အပိုမျက်နှာပြင်မှာ Notifications တွေကြည့်တာ၊ စာပြန်တာလို အခြေခံ အလုပ်တွေ လုပ်နိုင်ပါတယ်။

Quick View ကနေ Google Assistant ကို သုံးပြီး အလုပ်တွေ မြန်မြန်လုပ်နိုင်ပါတယ်။ Quick View နဲ့ Flex View ကြားမှာ Content တွေကို လွယ်ကူစွာ ပြောင်းလဲကြည့်နိုင်တာက မိုက်ပါတယ်။ Snapdragon 710 Chipset , 6GB RAM နဲ့ 128GB Storage ပါပါတယ်။ Android 9 Pie မောင်းနှင်ထားပြီး 15W Turbo Charging ပါတဲ့ 2,510mAh ဘက်ထရီ ထည့်သွင်းထားပါတယ်။

Ref : androidpolice

[Zawgyi]

Motorola Razr ကို Verizon ကေန ေဒၚလာ ၁,၅၀၀ နဲ႔ ႀကိဳတင္မွာယူႏိုင္ၿပီ

Motorola က ၿပီးခဲ့တဲ့ ႏိုဝင္ဘာလမွာ Foldable ဖုန္း ျဖစ္တဲ့ Razr ကို ေၾကညာခဲ့ပါတယ္။ အခုေတာ့ Razr ကို အေမရိကန္ရဲ႕ နာမည္ႀကီး Carrier ၁ ခုျဖစ္တဲ့ Verizon ကေန ေဒၚလာ ၁,၅၀၀ နဲ႔ ႀကိဳတင္မွာယူႏိုင္ၿပီျဖစ္ၿပီး ျမန္မာေငြ ၂၂ သိန္းေလာက္ ရွိပါတယ္။ Verizon က ၁ လကို ၆၂.၄၉ ေဒၚလာနဲ႔ ၂ ႏွစ္ၾကာခြဲၿပီး အရစ္က်ေပးသြင္းႏိုင္မယ့္ အစီအစဥ္ကိုလည္း ျပဳလုပ္ေပးထားပါတယ္။ 128GB Storage ပါတဲ့ Noir Black ၁ မ်ိဳးထဲပဲ ေရာင္းေပးထားပါတယ္။

Product Page မွာ ေဖာ္ျပထားခ်က္အရ ဘူးခြံထဲမွာ 15W TurboPower Charger , Headphone Dongle , USB Type-C Cable နဲ႔ Razr Earbuds ေတြ ပါတယ္လို႔ ေဖာ္ျပထားပါတယ္။ Verizon က ေနာက္လ ၁၄ ရက္ေန႔မွာ စတင္ပို႔ေဆာင္ေပးမယ္လို႔ ေျပာပါတယ္။

Razr ရဲ႕ Specs ေတြကို ျပန္လည္ေဖာ္ျပလိုက္ပါတယ္။ ၆.၂ လက္မ Flex View p-OLED ပင္မ မ်က္ႏွာျပင္ရဲ႕ အရည္အေသြးက 2142×876 ျဖစ္ၿပီး ျဖန႔္ထားခ်ိန္မွာ သုံးရတဲ့ မ်က္ႏွာျပင္ပါ။ ဖုန္းကို ေခါက္ခ်ိဳးထားရင္ ၂.၆၉ လက္မ Quick View အပို မ်က္ႏွာျပင္ကို သုံးႏိုင္ပါတယ္။ ေခါက္ခ်ိဳးထားရင္ အ႐ြယ္အစား ေသးငယ္က်စ္လစ္ၿပီး အိတ္ကပ္ထဲ ထည့္သြားလို႔ အိုေကပါတယ္။ အပိုမ်က္ႏွာျပင္မွာ Notifications ေတြၾကည့္တာ၊ စာျပန္တာလို အေျခခံ အလုပ္ေတြ လုပ္ႏိုင္ပါတယ္။

Quick View ကေန Google Assistant ကို သုံးၿပီး အလုပ္ေတြ ျမန္ျမန္လုပ္ႏိုင္ပါတယ္။ Quick View နဲ႔ Flex View ၾကားမွာ Content ေတြကို လြယ္ကူစြာ ေျပာင္းလဲၾကည့္ႏိုင္တာက မိုက္ပါတယ္။ Snapdragon 710 Chipset , 6GB RAM နဲ႔ 128GB Storage ပါပါတယ္။ Android 9 Pie ေမာင္းႏွင္ထားၿပီး 15W Turbo Charging ပါတဲ့ 2,510mAh ဘက္ထရီ ထည့္သြင္းထားပါတယ္။

Ref : androidpolice