Motorola ဟာ စက်တင်ဘာလကုန်မှာ တန်ဖိုးနည်း Tab G20 တက်ဘလက်ကို ကြေညာခဲ့ပါတယ်။ အခုတော့ Motorola ဟာ Tab G70 အမည်ရ တက်ဘလက် အသစ် ၁ လုံးကို မကြာခင် ချပြတော့မယ်လို့ ထင်ရပါတယ်။ Google Play Console နဲ့ Geekbench က Specs တွေအရ အဲဒီ တက်ဘလက်ဟာ စွမ်းဆောင်ရည်သင့် အမျိုးအစား ဖြစ်ပါတယ်။

Motorola Tab G70 surfaces with Helio G90T chipset, 10 or 11-inch display

Motorola Tab G70 မှာ ၁၀ လက်မ သို့မဟုတ် ၁၁ လက်မ မျက်နှာပြင် ပါလာနိုင်ပြီး G20 ရဲ့ ၈ လက်မထက် ပိုကြီးလာမှာပါ။ Resolution က 2,000x1200p ဖြစ်ပြီး 15:9 Aspect Ratio ထောက်ပံ့ထားပါတယ်။ Android 11 မောင်းနှင်ထားမှာ ဖြစ်ပြီး 4GB RAM ပါလာမှာပါ။ 64GB သို့မဟုတ် 128GB Storage ထည့်သွင်းထားနိုင်ပါတယ်။

Motorola Tab G70 surfaces with Helio G90T chipset, 10 or 11-inch display -  GSMArena.com newsMotorola Tab G70 surfaces with Helio G90T chipset, 10 or 11-inch display -  GSMArena.com news

Google Play Console မှာ Chipset ဟာ MediaTek Kompanio 500 (MT8183A) လို့ ဖော်ပြထားပြီး Cortex-A73 ၄ လုံးနဲ့ A53 ၄ လုံး ပါလာပါတယ်။ GPU က Mali-G72 ဖြစ်ပါတယ်။ Geekbench မှာတော့ တခြား Chipset ကို ဖော်ပြထားပြီး အဲဒါက MT6785 or Helio G90T ဖြစ်ပါတယ်။ အဲဒီ Chipset မှာ A76 ၂ လုံးနဲ့ A55 ၆ လုံး တပ်ဆင်ထားပြီး GPU က Mali-G76 ဖြစ်ပါတယ်။ Benchmark ရမှတ်မှာ G90T လို့ ဖော်ပြထားတဲ့အတွက် တက်ဘလက်မှာ အဲဒီ Chipset ပဲ ပါလာနိုင်ပါတယ်။

Helio G90T ဟာ Tab G20 မှာပါတဲ့ Helio P22T ကို အဆင့်မြှင့်ထားတာ ဖြစ်နိုင်ပါတယ်။ Lenovo Tab P11 Plus ဟာ G90T နဲ့ တည်ဆောက်ထားတဲ့ ၁၁ လက်မ တက်ဘလက် ဖြစ်ပြီး အဲဒါဟာ Motorola Tab G70 ရဲ့ အခြေခံ မော်ဒယ် ဖြစ်နိုင်ပါတယ်။

Ref : gsmarena