တရုတ် ဆက်သွယ်ရေး ကော်မရှင် TENAA မှာ OPPO PDAM10 ဖုန်းရဲ့ Specs တွေ ထွက်ပေါ်လာပါတယ်။ အဲဒီ ဖုန်းရဲ့ နာမည်ကို မသိရသေးပေမယ့် ၅.၆ လက်မ 2400x1080p မျက်နှာပြင်ပါလာမှာပါ။ 20:9 မျက်နှာပြင် အချိုး ဖြစ်ပြီး အရွယ်အစား အပြည့်အစုံက 162.0 x 75.5 x 8.9 mm ဖြစ်ပါတယ်။ အလေးချိန်က ၁၈၈ ဂရမ် ဖြစ်ပြီး 4,880mAh ဘက်ထရီ ပါလာပါတယ်။
Octa-core Chipset ထည့်သွင်းထားပေမယ့် နာမည်ကို မသိရသေးပါဘူး။ 8GB RAM နဲ့ 128GB Storage တွေ ပါလာပြီး microSD Card စိုက်နိုင်ပါတယ်။ WiFi ac, Bluetooth နဲ့ GPS ပါလာမှာ ဖြစ်ပြီး Dual 4G VoLTE ထောက်ပံ့ထားမှာပါ။ Dual SIM စမတ်ဖုန်း ဖြစ်ပါတယ်။
12MP , 8MP , 2MP နဲ့ 2MP ကင်မရာ ၄ လုံးပါလာမှာ ဖြစ်ပြီး 8MP က မြင်ကွင်းကျယ်ဖြစ်နိုင်ပါတယ်။ 2MP ကင်မရာ ၂ လုံးက Macro နဲ့ Depth တွေ ဖြစ်နိုင်ပါတယ်။ Android 10 အခြေပြု ColorOS ပါလာမှာ ဖြစ်ပြီး Dark Green ၁ ရောင် ထုတ်လုပ်ထားမှာပါ။ PDAM10 ဟာ OPPO A Series ထဲက ဖြစ်နိုင်ပြီး အဲဒီ ဖုန်းရဲ့ Specs တွေဟာ OPPO A31 နဲ့ တော်တော်တူပါတယ်။
Ref : gsmarena