မြောက်ကိုရီးယား ဟက်ကာတွေဟာ နာမည်ကြီး Axie Infinity ဂိမ်း ကစားသူတွေကို ပစ်မှတ်ထားကာ ပြီးခဲ့တဲ့ လက ဒေါ်လာ သန်း ၆၂၀ ဖိုး Cryptocurrency တွေကို ခိုးယူခဲ့တယ်လို့ အမေရိကန် အာဏာပိုင်တွေက ပြောပါတယ်။ Crypto ကမ္ဘာမှာ အဲဒီ ခိုးယူမှုဟာ အကြီးမားဆုံးတွေထဲက ၁ ခု ဖြစ်ပြီး နာမည်ကျော်ကြားနေတဲ့ Crypto နယ်ပယ်ဟာ လုံခြုံစိတ်ချရမှု ရှိပါ့မလားဆိုတဲ့ စိုးရိမ် ပူပန်မှုတွေ ရှိလာပါတယ်။

Hackers linked to North Korea are responsible for the March 2022 theft of $620 million in ethereum, a type of cryptocurrency.

FBI က “ စုံစမ်းစစ်ဆေးမှုတွေအရ မြောက်ကိုရီးယားနဲ့ ပတ်သက်နေတဲ့ Lazarus Group နဲ့ APT38 တို့ရဲ့ လက်ချက်ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။

North Korea-Linked Hackers Execute $620m Crypto Heist – FBI – Channels Television

Lazarus Group ဟာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်ကို လှောင်ပြောင်ထားတဲ့ The Interview ရုပ်ရှင်ကို လက်စားချေတဲ့ အနေနဲ့ Sony Pictures Entertainment ကို ဟက်ခဲ့တဲ့အတွက် ၂၀၁၄ ခုနှစ်မှာ နာမည်ကြီးလာခဲ့ပါတယ်။

ဒစ်ဂျစ်တယ် လုံခြုံရေး အဖွဲ့အစည်း Netenrich မှ လေ့လာဆန်းစစ်သူ John Bambenek က “ မြောက်ကိုရီးယားဟာ Cryptocurrency တွေ ခိုးယူဖို့အတွက် သီးခြား အဖွဲ့တွေကို တည်ထောင်ထားပါတယ်။ မြောက်ကိုရီးယားကို စီးပွားရေး ပိတ်ဆို့ထားမှုဟာ မြင့်မားတဲ့အတွက် Cryptocurrency တွေကို ခိုးယူဖို့ အပတ်တကုပ် ကြိုးစားနေတာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။

Blockchain Data ပလက်ဖောင်း Chainalysis က မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ နှစ်က ဒေါ်လာ သန်း ၄၀၀ ဖိုး Cryptocurrency တွေကို ခိုးယူခဲ့တယ်လို့ ပြောပါတယ်။

Ref : bangkokpost