နာဆာက X-59 အမည်ရ ဆူညံသံ နည်းပါးပြီး အသံထက်မြန်တဲ့ လေယာဉ်ကို ပြသလိုက်ပါတယ်။ အဲဒီ လေယာဉ်ကို နာဆာနဲ့ Lockheed Martin နဲ့ ပူးပေါင်း တီထွင်ထားတာ ဖြစ်ပါတယ်။ အသံထက်မြန်တဲ့ လေယာဉ်တွေဟာ ဆူညံသံမြင့်မားလွန်းတဲ့အတွက် ကမ္ဘာမှာ ပျံသန်းခွင့်ကို လက်ရှိမှာ ကန့်သတ်ထားပြီး X-59 ကတော့ ဆူညံသံ နည်းပါးအောင် ဒီဇိုင်းထုတ်ထားတာပါ။

NASA’s X-59 quiet supersonic research aircraft sits on the apron outside Lockheed Martin’s Skunk Works facility at dawn in Palmdale, California. The X-59 is the centerpiece of NASA’s Quesst mission, which seeks to address one of the primary challenges to supersonic flight over land by making sonic booms quieter.

နာဆာက X-59 ကို စမ်းသပ်မှု မပြုလုပ်ရသေးခင် ဒီလ ၁၂ ရက်နေ့မှာ ပြသလိုက်တာ ဖြစ်ပြီး ဒီနှစ်နှောင်းပိုင်းမှာ ပထမဆုံးအကြိမ် စမ်းသပ်ဖို့ စီစဉ်ထားပါတယ်။ နာဆာက X-59 ဟာ အသံထက်မြန်တဲ့ လေယာဉ်တွေထဲမှာ ထူးခြားဆန်းသစ်ပြီး အနာဂတ်မှာ ခရီးသည်တင် အသံထက်မြန်တဲ့ လေယာဉ်တွေ ပေါ်ပေါက်လာဖို့ လမ်းဖောက်ပေးတာလို့ ပြောပါတယ်။

နာဆာက အဲဒီ လေယာဉ်ရဲ့ ဗီဒီယို ၁ ခုကို ပြသထားပြီး လေယာဉ်ရဲ့ သတင်းအချက်အလက်တွေ သိပ်မပါပေမယ့် လေယာဉ်ရဲ့ ဒီဇိုင်းကို တွေ့မြင်ရပါတယ်။

X-59 ကို စမ်းသပ်ပျံသန်းတဲ့အခါမှာ ဆူညံသံကို လူတွေ လက်ခံနိုင်သလားဆိုတာကို လေ့လာမှာ ဖြစ်ပါတယ်။ လူတွေ လက်ခံနိုင်တယ်ဆိုရင် ကမ္ဘာမှာ ပျံသန်းခွင့်ရဖို့ အာဏာပိုင်တွေကို စွဲဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ နာဆာရဲ့ ရည်မှန်းချက် ဖြစ်ပြီး X-59 ဟာ စီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။

X-59 ကို ၂၀၁၆ ခုနှစ်ကတည်းက စတင် တီထွင်ခဲ့တာ ဖြစ်ပြီး ၁ နာရီကို ၉၂၅ မိုင် သို့မဟုတ် Mach 1.4 အမြန်နှုန်းနဲ့ ပျံသန်းနိုင်ပါတယ်။

Ref : digitaltrends