တရုတ်မှ Greater Bay Technology ကုမ္ပဏီက သူ့ရဲ့လျှပ်စစ်ကား ဘက်ထရီဟာ ဘယ်လို ရာသီဥတုမျိုးမှာမဆို ကောင်းကောင်း အလုပ်လုပ်တယ်လို့ ပြောပါတယ်။ အဲဒီ ဘက်ထရီကို Phoenix Cell လို့ အမည်ပေးထားပြီး အေးခဲနေတဲ့ အပူချိန်ကို သာမာန် အခန်း အပူချိန်ရောက်အောင် ၅ မိနစ်အတွင်း လုပ်ဆောင်ပေးနိုင်ပါတယ်။

New 621-mile range EV battery charges in six minutes and works in any weather

လျှပ်စစ်ကားတွေမှာ အပူချိန် စီမံခန့်ခွဲတဲ့ ပြဿနာကို ရင်ဆိုင်နေရပါတယ်။ အပူချိန်ဟာ ၃၂ ဒီဂရီ ဖာရင်ဟိုက်အောက် ကျဆင်းသွားရင် လျှပ်စစ်ကား ဘက်ထရီဟာ အားသွင်းနှုန်း ကျဆင်းသွားပါတယ်။ အဲဒီအတွက် လျှပ်စစ်ကား မောင်းနှင်နိုင်တဲ့ အကွာအဝေး လျော့ကျသွားစေပါတယ်။

နောက်မျိုးဆက် Phoenix Cell ဟာ အားအပြည့်သွင်းထားရင် ၆၂၁ မိုင် မောင်းနှင်နိုင်ပါတယ်။ အဲဒီ ဘက်ထရီဟာ ၅ မိနစ်အတွင်း အနုတ် ၄ ဖရင်ဟိုက် ကနေ ၇၇ ဖာရင်ဟိုက်အထိ အပူချိန်မြှင့်တင်ပေးနိုင်ပါတယ်။

ဘက်ထရီဟာ သာမာန် အပူချိန် ပမာဏအတွင်း ရောက်သွားတာနဲ့ ၆ မိနစ်အတွင်း လျှင်မြန်စွာ အားအပြည့်သွင်းနိုင်ပါတယ်။ အဲဒီ ဘက်ထရီဟာ ဘယ်လို ရာသီဥတုမျိုးမှာ မဆို ကောင်းကောင်းအလုပ်လုပ်နိုင်ပါတယ်။ Phoenix Cell ဟာ လျှပ်စစ်ကားတွေအတွက် အားသွင်းချိန် ကြာမြင့်တဲ့ ပြဿနာနဲ့ တခြား အခက်အခဲတွေကို ဖြေရှင်းပေးနိုင်ပါတယ်။ ပူတဲ့ ရာသီဥတု ဖြစ်စေ အေးတဲ့ ရာသီဥတု ဖြစ်စေ Phoenix Cell ဟာ မောင်းနှင်နိုင်တဲ့ အကွာအဝေးကို မထိခိုက်စေပါဘူး။

Ref : interesting engineering