Apple ဟာ iPhone SE အသစ်ကို မိတ်ဆက်ဖို့ရှိနေတယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေတာ ကြာပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း မကြာသေးခင်တုန်းကအထိ ဘယ်အချိန်မှာ မိတ်ဆက်မလဲဆိုတာကို မသိရသေးပါဘူး။

အခုအချိန်မှာတော့ Taiwan နိုင်ငံအခြေစိုက် Research Firm တစ်ခုဖြစ်တဲ့ TrendForce ကနေ iPhone SE အသစ်မိတ်ဆက်မယ့်အချိန်ကို ပြောကြားခဲ့ပါတယ်။ အဆိုပါ သတင်းအရတော့ Apple ဟာ iPhone SE အသစ်ကို လာမယ့် ၂၀၂၂ ခုနှစ် ပထမဆုံး ၃ လပတ်အတွင်းမှာ မိတ်ဆက်သွားမှာဖြစ်ပါတယ်။

Apple iPhone SE အသစ်ဟာ Design ပိုင်းမှာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ iPhone SE နဲ့ ဒီဇိုင်းတူညီမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် iPhone 8 Design အတိုင်းပဲ 4.7″ LCD Display ကို အသုံးပြုထားမှာဖြစ်ပြီး Home Button လည်းပါဝင်မှာဖြစ်ပါတယ်။ iPhone SE 2020 နဲ့ အဓိကကွာခြားချက်ကတော့ လာမယ့် 2022 Model မှာ 5G Network ကို Support ပြုလုပ်ပြီး Performance ပိုကောင်းတဲ့ A15 Bionic Chip ကို အသုံးပြုထားတာပဲဖြစ်ပါတယ်။

A15 Bionic Chip အပြင် တခြားသော ပြောင်းလဲမှုတွေရှိမလားဆိုတာကိုတော့ အတိအကျသိရှိရခြင်းမရှိသေးဘဲ MagSafe Wireless Charging ၊ ပိုကောင်းတဲ့ Camera Sensor အသစ်တွေကို အသုံးပြုလာဖွယ်ရှိပါတယ်။ စျေးနှုန်းအနေနဲ့လည်း ပြီးခဲ့တဲ့ iPhone SE 2020 Model အတိုင်းပဲ $399 နဲ့ ရောင်းချလာမယ်လို့ ခန့်မှန်းရပါတယ်။

Ref – Gizmo China