Vivo ရဲ့ ကုမ္ပဏီခွဲ iQOO က တရုတ်မှာ Z6 နဲ့ Z6x ကို ကြေညာလိုက်ပါတယ်။
iQOO Z6
iQOO Z6 မှာ Snapdragon 778G+ , 8GB or 12GB LPDDR5 RAM နဲ့ 128GB or 256GB UFS 3.1 Storage တွေ ထည့်သွင်းထားပြီး microSD Card စိုက်လို့ မရပါဘူး။ ၆.၆၄ လက်မ LCD Full HD+ မျက်နှာပြင်၊ 120Hz Refresh Rate နဲ့ 240Hz Touch Sampling Rate တွေ ပါလာပြီး လက်ဗွေရာ ကိရိယာကို ဘေးဘက်မှာ တပ်ဆင်ထားပါတယ်။
အနောက်ဘက်မှာ 64MP Main (OIS), 2MP Depth , 2MP Macro နဲ့ အရှေ့ဘက်မှာ 8MP ကင်မရာတွေ ထည့်သွင်းထားပါတယ်။ 80W Fast Charging ပါတဲ့ 4,500mAh ဘက်ထရီ ထောက်ပံ့ထားပြီး ၁၀ မိနစ်အတွင်း ၅၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။ အဆင့်မြင့် အအေးပေး စနစ် ထည့်သွင်းထားပြီး CPU အပူချိန်ကို ၁၃ ဒီဂရီ လျှော့ချပေးနိုင်ပါတယ်။
Android 12 အခြေပြု Origin OS Ocean မောင်းနှင်ထားပြီး Golden Orange, Blue နဲ့ Black အရောင်တွေ ထုတ်လုပ်ထားပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၁,၆၉၉ ယွမ် သတ်မှတ်ထားပြီး စက်တင်ဘာလ ၁ ရက်နေ့ တရုတ်မှာ ရောင်းမှာပါ။
iQOO Z6x
Z6x မှာ 6nm Chipset ဖြစ်တဲ့ Mediatek Dimensity 810 ကို သုံးထားပြီး 6GB or 8GB LPDDR4X RAM ပါပါတယ်။ 128GB or 256GB UFS 2.1 Storage ထည့်သွင်းထားပြီး RAM နဲ့ Storage ဟာ Z6 ထက် နှေးပါတယ်။
၆.၅၈ လက်မ LCD မျက်နှာပြင် ပါလာပြီး ဘေးဘက်မှာ လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။ အနောက်ဘက်မှာ 50MP Main နဲ့ 2MP Macro ကင်မရာ ၂ လုံး တပ်ဆင်ထားပြီး 44W Charging ပါတဲ့ 6,000mAh ဘက်ထရီ တပ်ဆင်ထားပါတယ်။
Blue, Black နဲ့ Orange အရောင်တွေ ထုတ်လုပ်ထားပြီး တန်ဖိုးအနည်းဆုံးမော်ဒယ်က ၁,၁၉၉ ယွမ် ဖြစ်ပါတယ်။ စက်တင်ဘာလ ၁ ရက်နေ့ ရောင်းမှာပါ။
Ref : gsmarena