Samsung ဟာ နောက်လမှာ Galaxy S21 Series နဲ့အတူ ကြိုးမဲ့ နားကြပ် အသစ် ၁ ခုကို ကြေညာတော့မှာပါ။ Galaxy Buds Pro လို့ နာမည်ပေးထားပြီး အရင်က ဓါတ်ပုံတွေ ပေါက်ကြားထွက်ပေါ်လာခဲ့ဖူးပါတယ်။ အခုတော့ Galaxy Buds Pro မှာ Apple AirPods မှာ ပါတဲ့ အမိုက်စား လုပ်ဆောင်ချက် ၁ ခု ပါလာမယ်လို့ သတင်းထွက်လာပါတယ်။

Ishan Agarwal က Galaxy Buds Pro မှာ Level အလိုက် Active Noise Cancellation နဲ့ Ambient Sound တွေပါမယ်လို့ သတင်းပေးလာပါတယ်။ သဘောကတော့ User ဟာ Noise Cancellation နဲ့ Ambient Sound ကို စိတ်ကြိုက်ချိန်ညှိနိုင်မှာပါ။ သူက ဒီလုပ်ဆောင်ချက်ကို App ကနေ  သုံးရမလား၊ နားကြပ် ကနေ သုံးရမလား ဆိုတာ မပြောပါဘူး။ ထင်တာကတော့ Galaxy Wearable App ကနေ သုံးရမှာပါ။

Here's the first unofficial look at the Samsung Galaxy Buds Pro, pictured in violet - GSMArena.com news

နောက်လုပ်ဆောင်ချက် ၁ ခုက နားကြပ်ဟာ အသံကို အာရုံခံမိတာနဲ့ Ambient Sound Mode ကို အလိုလို ပြောင်းပေးမှာပါ။ User စကားပြောလိုက်တာနဲ့ နားကြပ်က Ambient Sound ကို ဖွင့်ပေးမှာပါ။ အဲဒီအတွက် User စကားပြောချင်ရင် သီချင်းကို ကိုယ်တိုင် ရပ်စရာ မလိုတော့ပါဘူး။

Ishan က Galaxy Buds Pro မှာ 3D Spatial Audio လုပ်ဆောင်ချက် ပါလာမယ်လို့ ပြောပါတယ်။ အလားတူ လုပ်ဆောင်ချက်ကို Apple က လွန်ခဲ့တဲ့ လအနည်းငယ်အတွင်း ကြေညာခဲ့တဲ့ AirPods Pro မှာ ထည့်သွင်းပေးထားသလို AirPods Max အသစ်မှာလည်း ပါလာပါတယ်။ ဒီလုပ်ဆောင်ချက်က User ဟာ ရုပ်ရှင်၊ ဗီဒီယို ကြည့်တဲ့အခါမှာ ရုပ်ရှင်ရုံထဲ ရောက်နေသလို ခံစားရမှာပါ။ ဒါပေမယ့် Spatial Audio ဟာ သူ့ကို ထောက်ပံ့တဲ့ Content မှာပဲ အလုပ်လုပ်ပါတယ်။

Galaxy Buds Pro အတွက် Phantom Silver, Phantom Black နဲ့ Violet ၃ ရောင် ထုတ်လုပ်ထားမှာဖြစ်ပြီး အရင်မျိုးဆက်ထက် ပိုကြီးတဲ့ ဘက်ထရီ ပါလာမှာပါ။

Ref : gizmochina