Motorola ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းတုန်းက ကြီးမားတဲ့ ဘက်ထရီပမာဏ 6,000mAh နဲ့ Moto G9 Power ကို ကြေညာခဲ့ပါတယ်။ အခုလည်း 5,000mAh ပမာဏ ဘက်ထရီနဲ့ နောက်ထပ် စမတ်ဖုန်းသစ်ကို ဖြန့်ချိဖို့ လုပ်ဆောင်နေတာကို တွေ့မြင်ရပါတယ်။

Motorola ရဲ့ ဒီစမတ်ဖုန်းသစ်ဟာ ဘာဖြစ်မယ်ဆိုတာမသိရသေးပေမယ့် သုံးစွဲသူတွေရဲ့ လုံခြုံစိတ်ချမှုအတွက် FCC ရဲ့ အသိအမှတ်ပြုခံခဲ့ရပြီ ဖြစ်ပါတယ်။ မော်ဒယ်နံပါတ် XT-2127-1/XT-2127-2 နဲ့ ဟန်းဆက်တစ်ခုဟာ FCC မှာပေါ်လာတာဖြစ်ပြီး၊ TUV Rheinland နဲ့ UL (Demko) စာရင်းတွေကို ဒီလအစောပိုင်းက ဖြည့်စွက်ခဲ့ပြီး ဖြစ်ပါတယ်။

အခုအချိန်ထိ သိရသလောက်ကတော့ ဒီဟန်းဆက်ဟာ 5,000mAh ဘက်ထရီ၊ 19W အမြန်အားသွင်းစနစ်နဲ့ 4G သာအသုံးပြုနိုင်မယ့် ဟန်းဆက်တစ်ခုပဲ ဖြစ်ပါတယ်။ Motorola Capri လို့ခေါ်တဲ့  ဒီဟန်းဆက်ဟာ Waterdrop notch နဲ့ HD+ screen နဲ့အတူ Snapdragon 460 chipset အသုံးပြုထားကြောင်း သိရပါတယ်။

4GB of RAM နဲ့အတူ 64GB storage ကို တွဲဖက်ပေးထားသလို၊ ကျောဘက်မှာလည်း ကင်မရာလေးလုံးပါဝင်တယ်လို့ သိရပါတယ်။ ဒီထဲက ကင်မရာနှစ်လုံးဟာ Depth sensor + macro lens တွေ ဖြစ်မယ်လို့ ယူဆရပါတယ်။ အဓိကမေးခွန်းကတော့ ဒီဟန်းဆက်ရဲ့နာမည်ဟာ ဘာလဲဆိုတာပါပဲ။

ဒီဟန်းဆက်ဟာ Moto G10 Play ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် Ultra-affordable E lineup မှာလည်း Device သစ်ကို မြင်နိုင်ပါသေးတယ်။ ဒါကြောင့် Moto E7 Plus ရဲ့ မျိုးကွဲလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

Ref: GSM Arena