Qualcomm က ဒီဇင်ဘာလမှာ စွမ်းရည်မြင့် Snapdragon 875 Chipset ကို ချပြတော့မှာ ဖြစ်ပြီး Lite Version လည်း ထွက်လာနိုင်ပါတယ်။ Lite Version ဟာ ဈေးပိုသက်သာကာ လုပ်ဆောင်ချက် တချို့ မပါလာပေမယ့် စွမ်းဆောင်ရည်ချင်း တူညီမှာ ဖြစ်ပါတယ်။

New Oppo phone might arrive with Snapdragon 870 chipset

အခုတော့ Digital Chat Station က OPPO ဟာ Snapdragon 870 Chipset ပါတဲ့ စမတ်ဖုန်း အသစ် ၁ လုံးကို ဖန်တီးနေတယ်လို့ သတင်းပေးလာပါတယ်။

New Oppo phone might arrive with Snapdragon 870 chipset

Qualcomm ရဲ့ Chipset အသစ် ဖြစ်ပြီး 3.2GHz CPU တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ စွမ်းဆောင်ရည်မြင့်မားတဲ့ Core ပါလာမယ်လို့ ထင်ရပါတယ်။ သီအိုရီအရ အဲဒီ Chipset ဟာ Snapdragon 865 ထက် ပိုစွမ်းဆောင်ရည်မြင့်မားပေမယ့် Snapdragon 875 Chipset ရဲ့ စွမ်းဆောင်ရည်ကိုတော့ ယှဉ်နိုင်မှာ မဟုတ်ဘူးလို့ သတင်းထွက်လာပါတယ်။

Qualcomm ရဲ့ Snapdragon 875 Chipset ကို နောက်နှစ်မှာ ထုတ်မယ့် စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းများစွာမှာ ထည့်သွင်း အသုံးပြုကြမှာ သေချာပါတယ်။ Snapdragon 875 နဲ့ 870 Chipset ရဲ့ ကွဲပြားခြားနားမှုက စိတ်ဝင်စားစရာကောင်းလာမှာပါ။

Ref : gsmarena