OPPO က 5G မဟုတ်တဲ့ Reno3 Pro ကို မိတ်ဆက်တော့မှာ ဖြစ်ပြီး ပထမဆုံး ရောင်းမယ့် နိုင်ငံက အိန္ဒိယ ဖြစ်ပါတယ်။ မတ်လ ၂ ရက်နေ့မှာ ကြေညာတော့မှာ ဖြစ်ပြီး မကြေညာခင် ၁၀ ရက်အလိုထဲက ကြိုတင်မှာယူခွင့်ပေးလိုက်ပါပြီ။

နာမည်ကျော် အွန်လိုင်းစတိုးတွေ ဖြစ်တဲ့ Flipkart နဲ့ Amazon တို့ အပါအဝင် အိန္ဒိယက စတိုးများစွာက စရံငွေပေးပြီး ပထမဆုံး ဝယ်ယူတဲ့ လူ ၁၀၀၀ ကို OPPO Wireless Speaker လက်ဆောင်ပေးမှာပါ။ နောက်ထပ် ၁၀၀၀ ကျော်ဟာ Active Noise Cancellation ပါတဲ့ OPPO Enco Earbuds ကို အခမဲ့ ရမှာပါ။

Reno3 Pro ဟာ အရှေ့ဘက်အပိုင်းမှာ တရုတ်က မော်ဒယ်နဲ့ ကွာခြားမှာပါ။ Punch Hole ဆဲလ်ဖီး ကင်မရာ ၁ လုံးအစား ဆေးတောင့်ပုံ Punch Hole ဆဲလ်ဖီး ကင်မရာ ၂ လုံးနဲ့ အစားထိုးထားမှာပါ။  44MP ပင်မ ဆဲလ်ဖီး ကင်မရာပါမယ်ဆိုတာ အတည်ပြုထားပြီး နောက် ၁ လုံးက 2MP Depth ကင်မရာ ဖြစ်နိုင်ပါတယ်။ Depth ကင်မရာကြောင့် Portrait Mode Shots တွေဟာ ပိုလန်းလာမှာပါ။

အရှေ့ဘက်မှာ မျက်နှာပြင်ပြား ပါလာမှာ ဖြစ်ပြီး 2.5D Curved Edges တွေ ဖန်တီးထားပါတယ်။ Helio P95 Chipset နဲ့ 30W Fast Charging ပါလာမယ်လို့ သတင်းထွက်နေပြီး 12GB RAM အထိ ရွေးချယ်နိုင်မှာပါ။

Ref : gsmarena