မတ်လမှာ နာမည်ကြီး Apple အရေး လေ့လာဆန်းစစ်သူ Ming-Chi Kuo က iPhone 14 နဲ့ iPhone 14 Max မှာ A15 Chip နဲ့ iPhone 14 Pro မှာ A16 Bionic Chipset အသုံးပြုထားမယ်လို့ သတင်းပေးခဲ့ပါတယ်။ အခုတော့ TrendForce ကလည်း အဲဒီ သတင်းကို ထောက်ခံပြောဆိုလိုက်ပါတယ်။

iPhone 14 - All The Rumours and Leaks So Far

TrendForce က နောက်ဆုံးထုတ် Processor တွေကို iPhone 14  Pro Series မှာပဲ အသုံးပြုထားမယ်လို့ ပြောပါတယ်။ iPhone 13 mini နဲ့ iPhone 13 မှာ A15 Chip , 4GB RAM နဲ့ Four-core GPU တပ်ဆင်ထားပြီး iPhone 13 Pro မော်ဒယ်တွေမှာ A15 Chip , 6GB RAM နဲ့ Five-core GPU ပါလာပါတယ်။ iPhone 14 နဲ့ 14 Max မှာ A15 Chip ,  ပိုများတဲ့ RAM နဲ့ ပိုစွမ်းရည်မြင့်တဲ့ GPU တွေ ထည့်သွင်းထားနိုင်ပါတယ်။

Report: New iPhone 14 Front Camera Component Will Triple In Price

Apple က ဒီလို ပြုလုပ်ရတဲ့ အကြောင်းအရင်းက Chip ပြတ်လပ်မှုကြောင့် ဖြစ်နိုင်ပြီး Apple ဟာ စွမ်းရည်နိမ့် မော်ဒယ်တွေအတွက် နောက်ဆုံးထုတ် Chipset ကို မထည့်သွင်းပေးနိုင်တာ ဖြစ်ပါတယ်။ Apple ဟာ ပိုမို ဈေးကြီးတဲ့ Pro မော်ဒယ်တွေအတွက်ပဲ Supply Chain ကို အဓိက အာရုံစိုက်ထားပုံရပါတယ်။

Apple ရဲ့ A15 Chip ဟာ လက်ရှိ Chipset ဈေးကွက်ထဲမှာ စွမ်းဆောင်ရည်မြင့်မားတဲ့အတွက် iPhone 14 နဲ့ iPhone 14 Max တို့ရဲ့ စွမ်းဆောင်ရည်ဟာ မြင့်မားမှာ ဖြစ်ပါတယ်။

Ref : gsmarena