အိန္ဒိယရဲ့ နာမည်ကျော် အွန်လိုင်း စတိုး Flipkart ကနေ တစ်ချိန်တစ်ခါက နာမည်ကျော်ကြား လူကြိုက်များခဲ့တဲ့ လက်ပ်တော့ Brand ပြန်ထွက်လာတော့မယ့် အရိပ်အယောင်တွေ တွေ့လာရပါတယ်။ ၂၀၁၄ ခုနှစ်မှာ Sony ဟာ Vaio လက်ပ်တော့ စီးပွားရေး လုပ်ငန်းကို ရောင်းချခဲ့ပါတယ်။ Gsmarena က Sony ရဲ့ Vaio လက်ပ်တော့တွေမှာ Bloatware အများအပြား ထည့်သွင်းထားပြီး ဈေးကလည်း ပြိုင်ဖက်တွေထက် ပိုမြင့်နေတယ်လို့ အဲဒီတုန်းက အခြေအနေကို သုံးသပ်ထားပါတယ်။
အခု Flipkart ရဲ့ Teaser မှာ “Lighter than your past” လို့ ရိုးရိုးရှင်းရှင်းပဲ ရေးသားထားပြီး Vaio လက်ပ်တော့တွေ ပြန်လာတော့မယ်လို့ သတင်းပေးချင်ပုံရပါတယ်။ သတင်းအချက်အလက်တွေကို ထပ်မံ ဖော်ပြမှာ ဖြစ်လို့ ဆက်လက်စောင့်ကြည့်ကြပါလို့ ရေးသားထားပါတယ်။
ဟောင်ကောင် အခြေစိုက် NexstGo နဲ့ သဘောတူညီမှု အသစ်အရ ကုမ္ပဏီဟာ Vaio လက်ပ်တော့တွေကို Hong Kong, Malaysia, Singapore, Taiwan, Macau, Middle East နဲ့ India နိုင်ငံတွေမှာ ရောင်းချခွင့်ရထားပါတယ်။ NexstGo ရဲ့ Regional Business Director for South Asia ဖြစ်သူ Seema Bhatnagar က “ ဇန်နဝါရီလမှာ Vaio ဟာ ပထမဆုံး AMD မော်ဒယ်ကို ကြေညာမှာ ဖြစ်ပြီး ရုံးသုံးဖို့ အထူး ဒီဇိုင်းထုတ်ထားတဲ့ နောက်ထပ် မော်ဒယ်အသစ် ၁ လုံးလည်း ပါလာမှာပါ။ နာမည်ကျော် အွန်လိုင်းစတိုး Flipkart ကနေ ရောင်းမှာ ဖြစ်ပြီး အဲဒီနောက်မှာ နာမည်ကြီး စတိုးတွေကနေ ဝယ်ယူနိုင်မှာပါ။ “ လို့ ပြောပါတယ်။
Vaio ရဲ့ သတင်းကို နောက်ဆုံး ကြားခဲ့ရတာက ၂၀၁၇ ခုနှစ်ကဖြစ်ပြီး Vaio Phone A ကို မိတ်ဆက်ခဲ့တာပါ။
Ref : gsmarena